သတင်းများ

ရိခေါ်ဒါရ်၌ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး
Aug 06,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများ၊ အနီးအနား ပတ်ဝန်းကျင်ရှိ ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ ရိခေါ်ဒါရ်မြို့ ရှေ့တန်းရုံးမှ တာဝန်ခံဦးစီးအရာရှိ (မြို့ဦးစီးမှူး) ဦးမောင်မောင် ဦးဆောင်၍ ဝန်ထမ်းများက သြဂုတ် ၃ ရက်မှစ၍ ယနေ့အထိ သုံးရက်ကြာအထိ ရိခေါ်ဒါရ်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိသည်။
ကျောက်မဲမြို့ရှိ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဆောက်လုပ်နေသည့် ခန်းမအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ၊ အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အလှူရှင် များဖြင့် စုပေါင်းအားဖြင့်တည်ဆောက်ရှိသော အလျား ပေ ၁၀၀ ၊ အနံ ပေ ၄၀ ရှိ ရွှေရတုခန်းမဆောင်အတွက် ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းနှင့် အလှူရှင်များက အလှူငွေနှင့် ပစ္စည်း များ သွားရောက်လှူဒါန်းပေးခဲ့ရာ ကျောင်းအကျိုးတော်ဆောင် ဦးစိုးထွန်းနှင့် ကျောင်းအုပ်ဆရာမ ဒေါ်တင်တင်မြင့် တို့က လက်ခံခဲ့ကြောင်းသိရသည်။
ယင်းမာပင်မြို့နယ်တွင် တောင်သူပညာပေးကောက်စိုက်စက်ဖြင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
Aug 06,2020
ယင်းမာပင်မြို့နယ် စက်မူလယ်ယာဦးစီးဌာန အမှတ်(၄၁) စက်မှုလယ်ယာစခန်းမှ ADSP အစီ အစဉ်ဖြင့် တောင်သူပညာပေး ကောက်စိုက်စက်နှင့် မိုးစပါးလက်တွေ့စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လက်လှုပ်ကျေးရွာအုပ်စု မြို့ပေါ်ကျေးရွာ တောင်သူ ဦးကျော်ရင် ကွင်းအမှတ် ၈၆၂ (ဂ) ကွင်း မိုးစပါးဧရာမင်းစိုက်ကွက်တွင် ပြုလုပ်ကြောင်း သိရသည်။
သီပေါမြို့နယ်တွင်၂၀၁၉−၂၀၂၀ဘဏ္ဍာရေးနှစ် အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း(VRFP) ကျေးရွာများသို့ရန်ပုံငွေလွှဲပြောင်းပေးအပ်
Aug 06,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) စီမံကိန်းကျေးရွာများသို့ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေး
Aug 06,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်(၈) နာရီမှ ညနေ(၄)နာရီ အထိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြောက်ဥက္ကလာပ မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်း​ဇော်နှင့် အဖွဲ့များက (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေသောင်ယံမြို့ ကျွန်းချောင်းကျေးရွာတွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပထမပတ်လုပ်ငန်း များ ဆောင်ရွက်
Aug 06,2020
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဘော့ကန်ကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီက အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ပထမပတ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို သဘော့ကန် ကျေးလက်ကျန်းရေးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး  Box Culvertတည်ဆောက်ရေး လုပ်ငန်းများအား စက်ယန္တရားဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 06,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert  များ တည်ဆောက်နေမှုနှင့်