သတင်းများ

ချီဖွေမြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပြီး (၁၀) ရက်အတွင်း ပြည်သူများ သွားရောက်ကြည့်ရှုလျက်ရှိ
Aug 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေရွေး ကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာခြင်းကို (၁၀) ရက် အတွင်း ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုပြီး မိမိအမည်မပါဝင်ခြင်းကို လျှောက်ထားခြင်း၊ ကန့်ကွက်လွှာ လျှောက်ထားခြင်း၊ အချက် အလက်မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။
၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် စတုတ္ထတန်း(Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်း ဖွင့်လှစ်ပို့ချ
Aug 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အ.ထ.က ကျောင်း၌ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် စတုတ္ထတန်း(Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းကို သြဂုတ် ၁ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စ၍ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
နမ့်ဆန်၌ အသက်၆လမှ ၅နှစ်အောက်ကလေးများအား Vit Aနှင့် သန်ချဆေးတိုက်ကျွေးပေး
Aug 04,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီး ကျေးလက် ကျန်းမာရေးဌာနမှ အသက်၆လမှ ၅နှစ်အောက်ကလေးများအား Vit Aနှင့် သန်ချဆေး တိုက်ကျွေးပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီ ဆောင်ရွက်သည်။
နမ့်ဆန်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေး
Aug 04,2020
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံးက နမ့်ဆန်မြို့နယ် ကျေးရွာအုပ်စုများရှိ ပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စုတွင်အထိ ဆောင်ရွက် နိုင်ခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လယ်ဝေးမြို့နယ်အတွင်းရှိကျေးရွာများတွင် ရေဝင်ရောက်မှုများဖြစ်ပွား
Aug 04,2020
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ယမန်နေ့နံနက်(၄) နာရီက မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာများရှိမြေနိမ့်ပိုင်းနေရာများတွင် ရေဝင် ရောက်ခြင်းများ ဖြစ်ပွားခဲ့သည်။
ဓနုဖြူမြို့တွင် ငါးသဃံဇာတပြန့်ပွားရေးအတွက် စပါးစိုက်ခင်း(၂၂၀)ဧကအတွင်းငါးမျိုးများ စိုက်ထည့်
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ ရေရှည် တိုးပွားစေရေးနှင့် ငါးမျိုးစိတ်များ မျိုးသုန်းပျောက်ကွယ်မှု မရှိစေရေးအတွက် စပါးစိုက်ခင်း အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီက နန်းတော်ကုန်းကျေးရွာရှိ စိုက်ပျိုးရေး စံပြစပါးစိုက်ခင်းတွင် ကျင်းပသည်။
အမာမြို့၌ မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားရှိမှုများ လိုက်လံကြည့်ရှု
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ သြဂုတ်လ ၇ ရက်နေ့အထိ ရပ်ကွက်/ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကပ်ထားကြေညာပေးလျက် ရှိသည်။
ဖျာပုံမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရာ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသောသူများ၊ မဲဆန္ဒရှင်စာရင်းတွင် အကွက်အပေါက်များ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဖျာပုံမြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ကွင်းဆင်း၍ ဖျာပုံမြို့နယ် အပြောင်ကျေးရွာအုပ်စု၌ ယမန်နေ့နံနက်ပိုင်းက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။