သတင်းများ

မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေမရှိသော အခြခံလူတန်းစား အိမ်ထောင်စု ၉၂ စု အတွက် ဒုတိယ အကြိမ်ထောက်ပံ့ငွေများပေးအပ်
Aug 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ကာလပုံမှန်ဝင်ငွေ မရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု ၉၂ စုအတွက် ဒုတိယ အကြိမ် ထောက်ပံ့ငွေကျပ် ၁၃သိန်း ကျော်ကို ယမန်နေ့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မရှုံးဆုံးစေရေး အတွက် ကွင်းဆင်း ဆောင်ရွက်
Aug 04,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈) ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနား မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင် ခွင့်ရှိသူများ မဲပေးပိုင်ခွင့် မရှုံးဆုံးစေရေးအတွက် ဇူလိုင်လ(၂၅) ရက်နေ့မှ သြဂုတ်လ(၇)ရက်နေ့ထိ ပထမအကြိမ် ဆန္ဒမဲရှင်စာရင်း ကပ်ထား ကြေညာထားရှိမှုကို ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် အဖွဲ့(၅)ဖွဲ့ခွဲ၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်မြို့ တောရကျောင်းများမှ သံဃာတော်များနှင့် သီလရှင်များအား "မရှိခဏ" ဆေးဖောင်ဒေးရှင်း မှ ဆေးပစ္စည်းများ လှူဒါန်း
Aug 04,2020
ပြည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ပြည်တောင်တန်းတောရ "မရှိခဏဆရာတော် ဦးကုဝေရ ဦးစီးကျင်းပသော "မရှိခဏဆေးဖောင်ဒေးရှင်း" ၏ ဆေးအလှူတော်ပွဲကြီးကို ပြည်မြို့ဘုရင့်နောင်လမ်း ရှိ မရှိခဏကျောင်းတိုက်တွင် ယမန်နေ့မွန်လွဲ(၁)နာရီက ကျင်းပပြုလုပ်သည်။
ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေး
Aug 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ မိခင်နှင့် ကလေး ကျန်းမာရေး ဌာန၌ ယနေ့ နံနက် ၈ နာရီခွဲက ရပ်ကွက်နှင့်ကျေးရွာများမှ မွေးစမှ အသက် ၁ နှစ်ခွဲအထိ ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာခြင်း၌ မိမိနာမည်ပါဝင်ခြင်း ရှိ/မရှိ ကြည့်ရှုနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နေ့လယ်(၃)နာရီက အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက် ချယ်ရီလမ်းတွင် လမ်းသွား၊ လမ်းလာပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ မပြန့်ပွားစေရေး အသိပညာပေးခြင်းများ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Aug 04,2020
လက်ရှိအချိန်ကာလသည် သဘာဝ‌ဘေးအန္တရာယ်များ ကျရောက်လေ့ရှိသည့် ကာလဖြစ်သည့်အပြင် ကိုဗစ် - ၁၉ ကူးစက်ရောဂါသည်လည်း ပြန့်ပွားကူးစက်နေသည့် ကာလဖြစ်သည့်အလျောက် ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့တွင် ကျေးရွာများအရောက် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ မပြန့်ပွားစေရေး အသိပညာပေးခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပင်းတယမြို့နယ်ရှိ ရပ်ကွက်များ၌ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ
Aug 04,2020
ရှမ်းပြည် တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် စည်ပင်သာယာ ရေးကော်မတီမှ မြို့ သန့်ရှင်း သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် စည်ပင် သာယာရေး ကော်မတီ ရန်ပုံ ငွေဖြင့် မြို့တွင်းလမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် နေရပ်ပြန်(၉၀)ဦးရောက်ရှိကြိုဆိုနေရာချထား
Aug 04,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသောနေရပ်ပြန်ကျား(၄၀)ဦးနှင့်မ(၅၀)ဦး စုစုပေါင်း(၉၀)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။