နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး သတ်ပုံအမှန်ရွေးကြမယ်ပြိုင်ပွဲအား ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများမဲပေးခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာဝန်ထမ်းများ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course(၂ /၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course (၂/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချသည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

နမ့်စန်မြို့နယ်တွင် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒနယ်အလိုက် ကြိုတင်ဆန္ဒမဲပေးမည့်သူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ယမန်နေ့ နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံနေရာများအား တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆောင်ရွက်မည့် မြို့နယ်နှင့်ဝေးလံသည့် ကျေးရွာအုပ်စုများရှိ သတ်မှတ်မဲရုံနေရာများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ‌ရေး စစ်တမ်းကောက်ယူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း တောင်သူများစိုက်ပျိုးလျက်ရှိသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စစ်တမ်းကောက်ယူခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများက ကျေးရွာအုပ်စု(၄)အုပ်စုမှ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပုံပါကျင်မြို့၌ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မှင်တို့သူ၊ မဲစာရင်းစစ်‌ဆေးသူနှင့် မဲရုံလုံခြုံရေးတာဝန်ကျသူများ ကျွမ်းကျင်စွာနားလည်သိရှိစေရန် သင်တန်းပို့ချ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မှင်တို့သူ၊ မဲစာရင်းစစ်‌ဆေးသူနှင့် မဲရုံလုံခြုံ‌ရေးသင်တန်းပို့ချခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မိုင်းတုံမြို့နယ် UWSA “ဝ”အဖွဲ့စစ်ဒေသအမှတ်(၁၇၁)၌  မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်းစစ်‌ဆေးသူနှင့် မဲရုံလုံခြုံရေး သင်တန်းပို့ချ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ UWSA “၀”အဖွဲ့စစ်ဒေသအမှတ် (၁၇၁)၊ ဟွေအော်ကျေးရွာ၊ ဟွေအော်ခန်းမ၌ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်း စစ်‌ဆေးသူနှင့် မဲရုံလုံခြုံ‌ရေး သင်တန်းပို့ချခြင်းကို ယမန်နေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်၌ မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မျိုးကောင်း မျိုးသန့် DYL ဝက်မျိုးများကို မွေးမြူသူများထံ ပေးအပ်

မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုအရ မျိုးကောင်းမျိုးသန့် DYL ဝက်မျိုးများကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ရှိ မွေးမြူသူများထံ ပေးအပ်သည်။

လေ့လာစောင့်ကြည်သုတေသနအဖွဲ့မှ ရှမ်းပြည်နယ်အတွင်းရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ စားသုံးဆီဖြန့်ဖြူးရောင်းချနေသည့် လက္ကား/လက်လီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ လေ့လာစောင့်ကြည့်သုတေသနအဖွဲ့နှင့် ဆီတင်သွင်းသည့် ကုမ္ပဏီများ၊ လက္ကား/လက်လီကိုယ်စားလှယ်များနှင့် တွေဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to