ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ခေတ်မီစိုက်ပျိုးရေးနည်းပညာနှင့် MSME ထုတ်ကုန်များပြပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့နယ် စုပေါင်းရုံးဝန်းအတွင်းရှိ MSME ပြခန်းနေရာ၌ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့နယ်အတွင်းရှိ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် မဲရုံပြုလုပ်မည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမောင်စိုးနှင့်  တာဝန်ရှိသူများသည်  စစ်ကိုင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲရုံများကျင်ပပြုလုပ်မည့် နေရာများအား ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို    ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာအသိပညာပေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာအသိပညာပေးလုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းက ဗိုလ်ချုပ်လမ်း နံရံကပ်ဘုတ်၌ ပြသ၍ အသိပညာပေးဆောင်ရွက်သည်။

ကျောင်းကုန်းမြို့၌ ကျင်းတစ်ထောင် ဆီတစ်ပုံး(နေကြာ)စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု၊ ဂုန်မင်းကျေးရွာနေတောင်သူ ဦး‌ဂျိုးမင်း၏ လယ်‌မြေတွင် ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် ကျင်းတစ်ထောင်လျှင် ဆီတစ်ပုံး (နေကြာ) စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်‌အဖွဲ့နှင့် တွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ပြည်နယ်၊ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တွေ့ဆုံပွဲကို ၂၀၂၅ ခုနှစ် ယနေ့ ရက်နေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျုံပျော်မြို့ အင်းရဲလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းပြီးစီးမှုအား တာဝန်ရှိသူများမှ  ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အင်းရဲလမ်းအား အများပြည်သူသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ  လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများက ယမန်နေ့ကကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

ပေါင်းတည်မြို့နယ်၌ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံနှင့်ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေမှုလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
Subscribe to