ဟင်္သာတမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းပြီးဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် ၁၈ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် EID များအား ပန်းခင်းစီမံချက်ဖြင့်ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

လေးမျက်နှာမြို့နယ်၌ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်း အကြောင်းအရာများအား ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းစိစစ်မေးမြန်းမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုက် မရော၌ ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မွန်ပြည်နည် ကျိုက်မရောမြို့နယ်ဥပဒေရုံးမှကြီးမှူးကျင်းပသော ဥပဒေရေးရာ အသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ သီးနှံ(၁၀)မျိုး ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများ မိမိတို့စိုက်ပျိုးသည့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာ (၁၆) ရက်နေ့က မြို့နယ်အတွင်းရှိ ကျေးရွာစုရပ်များတွင် တောင်သူများအား သီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည်များကို ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။

မုဒုံမြို့၌ မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရေရှည်တည်တံ့သော မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများသန့်ရှင်းသောသောက်သုံးရေ ပိုမိုရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ သန့်ရှင်းသောသောက်သုံးရေပိုမိုရရှိစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်န်နေ့နက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

တီးတိန်မြို့၌မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်ပွဲပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်မဲရုံပြသခြင်းနှင့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသက်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။

မိုင်းရှူးမြို့၌ Mobile Libraryစနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲက ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ဟိုပုံးမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကြံခင်းမြို့နယ်အတွင်း ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့် စပ်လျဥ်း၍ စစ်တမ်းများ ကောက်ယူဆောင်ရွက်လျက်ရှိ

ဧရာဝတီတိုင်းဒသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ယမန်နေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများဦးဆောင်ပြီး ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုများမှ တောင်သူများဖြင့် ပူးပေါင်းကာ ပန်းတိုင်အထွက် နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဥ်း၍ တောင်သူများအား ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
Subscribe to