တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ် ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ နန္ဒာမိုးကြယ်၏ ဘာလို့မဖြစ်နိုင်ရမှာတဲ့လဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကျန်ရှိသူများအား ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာာ (၁၇) ရက်နေ့ နံနက် (၉) နာရီက ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှုအား ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်း၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်နှင့်ဝန်ထမ်းများက ပေါင်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် သံလွင်မြစ်အတွင်း ရိုးရာလှေလှော်ပြိုင်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ သံလွင်မြစ်ကမ်းနားလမ်း ညမုန့်ဈေးတန်းနေရာ၌ ကျင်းပရာ ဘားအံမြို့နယ် တိုက်နယ်များနှင့်မြို့နယ်များမှ လှေလှော်အသင်း ၁၂ သင်း ပြိုင်ပွဲဝင်အားကစားသမားပေါင်း   ၄၉၈   ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်‌နယ် အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ကော့ထင်းကျေးရွာ၊ ကံနံပိုင်းလမ်း(ဒုတိယပိုင်း) ကတ္တရာခင်းခြင်းနှင့် ၄ပေ Box Culuvert (၁)စင်း‌ ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအား ကျိုက်ထိုခရိုင် တည်‌ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်‌ရေးမှူး)၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဦးထွန်းထွန်းဝင်း (ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး)နှင့် တာဝန်ရှိသူများက  ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။   

ကြို့ပင်ကောက်မြို့နယ်တွင် အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်း ကင်းစင်ရေး (၂) နှစ်တာကာလအထိ တားမြစ်ပိတ်ပင်ခြင်း အသိပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် အဆိပ်ရှိပစ္စည်း(၂)မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်ရေး (၂)နှစ်တာကာလအထိ တားမြစ်ပိတ်ပင်ခြင်း အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင်နှင့် စတေကာများ ဝေငှ

တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် (၁၀) မြို့နယ်အတွင်းရှိ အများပြည်သူများအား မီးဘေးအန္တရာယ်ကင်းဝေးရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့်အတွက် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရေးအတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် လူစည်ကားရာနေရာများ၌ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဝေငှပေးကြသည်။

ကြို့ပင်ကောက်မြို့၌ မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မဲရုံများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မဲရုံအဖြစ်လျာထားသော ကျောင်းနှင့်အခြားအဆောက်အဦးများအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆောင်ရွက်သည်။

တောင်ကြီးမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်စပ်လျဉ်း၍ သရုပ်ပြရှင်းလင်းခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ပေါ် ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to