Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများထံ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စ…
Jun 24,2026
ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်စီစဉ်မှုဖြင့် ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသော နှုန်းထားဖြင့် ယမန်နေ့ နံနက်ပိုင်းက စတင်၍ ဝိုင်းမော်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃ နေရာတွင် ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့၌ နိုင်ငံတော်၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပေးအပ်
Jun 24,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၌ နိုင်ငံတော်၏ ရက် (၁၀၀) လမင်းစီမံချက်အရ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားတစ်ဦး၏အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၈) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အ.လ.က (၃) ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့တွင် တိရစ္ဆာန်စွန်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းဖွင့်
Jun 24,2026
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေတောင်သူများ ခေတ်မီမွေးမြူရေးစနစ်များ ဖွံ့ဖြိုးလာစေရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေသြဇာပြုလုပ်ခြင်းသင်တန်းကို အဆိုပါဦးစီးဌာန၏ ရုံးခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဆက်လက်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်၌ ပျားမွေးမြူရေးအသိပညာပေးသင်တန်းဖွင့်လှစ်
Jun 24,2026
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ပျော်ဘွယ်မြို့နယ်တွင် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ယမနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ရွှေညောင်ဖူးကျေးရွာ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 24,2026
၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၌ သူနာပြုသိပ္ပံ (ထားဝယ်)၊ အပတ်စဉ် (၃၃) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်း အခမ်းအနားကျင်းပ
Jun 24,2026
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသိပ္ပံ (ထားဝယ်)၊ အပတ်စဉ် (၃၃) သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သူနာပြုသိပ္ပံ (ထားဝယ်) ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အခမ်းအနားမှူးသင် တန်းဖွင့်လှစ်
Jun 24,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယမန်နေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြော…
Jun 24,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် "မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ" အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၊ ပြည်ခရိုင်ရုံး၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
Page
1
Current page
2
Page
3
Page
4
Page
5
Page
6
Page
7
Page
8
Page
9
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department