အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စိုက်ခင်းများထဲအရောက် လိုက်လံ လုပ်ဆောင်ပေးလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Dec 21,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၄)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၉၆)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း လားရှိုးမြို့ မံဖိုင်လမ်း၊ နယ်မြေ(၃) အမှတ်(၁၂)ရပ်ကွက်နေသူ အမျိုးသား(၁)ဦးနှင့် အောင်မြေသာဇံမြို့နယ် အကွက်အမှတ် (၈၈)၊ မင်းတဲအီကင်းရပ်ကွက် နေထိုင်သူ (၆)ဘီးကုန်တင်ယာဉ်မှ ယာဉ်မောင်း အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
Dec 21,2020
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ပြည်သူများနှင့်ခရီးသွားပြည်သူများ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့်အလေ့အထများ ရှိစေရန် Mask Campaign အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက်က ပူးပေါင်း အဖွဲ့ဖြင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Dec 21,2020
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီး ကျော်လင်းအောင် က ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့နှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Dec 21,2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ထံသို့ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွာ ဧရာဝတီမြစ်လက်တက်တွင် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျ ထားသည့် နေရာများတွင် ဒေသခံ(၂)ဦးတို့မှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း(၃)မျိုးတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ယနေ့ နံနက်(၁၀)နာရီက တတိယအကြိမ် လာရောက်အပ်နှံပေးခဲ့သည်။
Dec 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊ အလှူရှင်၊ စေတနာရှင် ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေလျက်ရှိရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ကြသည်။