အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2020
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ငမို့ကြီးကျေးရွာအုပ်စု ငမို့ကြီးကျေးရွာတွင် ဒီဇင်ဘာ ၂၀ ရက် ည ၉ နာရီ မိနစ် ၂၀ အချိန်ခန့်က နေအိမ်ဘုရားခန်းတွင် ဘုရားမီးပူဇော်ထားသော လျှပ်စစ်ဝါယာကြိုး ​ရှော့ဖြစ်ပြီး နေအိမ်ထရံသို့ မီး ကူးစက် ကာ နေအိမ်တစ်လုံးလောင်ကျွမ်းခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
Dec 21,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလက ပိတ်ပင်ထားသော လေကြောင်းခရီးစဉ်များ ပိတ်ပင်ထားရာ ဒီဇင်ဘာ ၁၆ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပေးပြီး နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိကြောင်းသိရသည်။
Dec 21,2020
ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ညောင်စာရေး-ကွေ့မလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းများ အား ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်လူ၊ ပြည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်မြသင်းဌေးနှင့် အဖွဲ့ဝင်များ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို ကြည့်ရှု စစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။
Dec 21,2020
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အား နိုင်ငံတော်အစိုရမှ အိမ်ထောင်တစ်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် စတုတ္ထအကြိမ် မြောက် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေး တို့အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်ကလည်း မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ သွားရေးလာ ရေးတွင် ယာဉ်အန္တရာယ် ကင်းဝေးစွာဖြင့် သွားလာနိုင် စေရေးအတွက် တာမွေမြို့နယ်ရှိ ဗညားဒလ လမ်းတစ်လျှောက် လူသွားစင်္ကြန်လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 21,2020
တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်နှင့် VDP စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ မွေးစမှ အသက်(၂) နှစ်အောက် ကလေးငယ် များအား ယနေ့ နံနက်ပိုင်းက (၃၆)ရပ်ကွက်၊ သာသနာ့ရက္ခိတ ဓမ္မာရုံတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက် ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။