Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပိုင်ကျုံမြို့ သမိုကျေးရွာအုပ်စု ထီးပါကျေးရွာတွင် ထီးပါ (ဒါးကျိုင်း)ချောင်းကူးတံတား တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Dec 21,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ သမိုကျေးရွာအုပ်စု၊ ထီးပါကျေးရွာတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေး အတွက် တာ၀န်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအား မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်သရုပ်ပြ
Dec 21,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့ ပူးပေါင်းပြီး ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးအား မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ဒီဇင်ဘာ ၂၁ ရက် ၊ မွန်းလွဲ ၂ နာရီက အဆိုပါ မြို့မစည်ပင်သာယာဈေးအတွင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့နယ်အတွင်း မိတ္တီလာနှင့်ပဲခူးမြို့တို့မှ ရောက်ရှိလာသူ လူနှစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 21,2020
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် Quarantine Centre များတွင် ဝင်ရောက်နေသူ (၆၄)ဦးအား ဒီဇင်ဘာ(၁၇)ရက်နေ့တွင် ဓါတ်ခွဲနမူနာယူ၍ ပေးပို့စစ်ဆေးခဲ့ရာ ပဲခူးမှပြန်လာသည့် အသက်(၆၄)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် မိတ္ထီလာမြို့မှ ပြန်လာသူ အသက်(၃၂)နှစ်အရွယ် အမျိုးသမီးတို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယမန်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ မိုးကောင်းပြည်သူ့ဆေးရုံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် မိုးစပါးနှင့် မျိုးစေ့ထုတ် စမ်းသပ် စိုက်ကွက်များမှ စံကွက်ရိတ်သိမ်း
Dec 21,2020
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့တွင် စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Dec 21,2020
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့တွင်ယနေ့ နေ့လယ် ၁၂နာရီခွဲက မြို့ပြအင်္ဂါရပ်များနှင့် အညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်တွင်း အသွားအလာကန့်သတ်ထားရှိသူ (၆၀)ဦး၏ ဓာတ်ခွဲနမူနာများရယူ
Dec 21,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း Facility Quarantine Centre ဝင်ရောက်နေသူ (၄၁)ဦး၊ ပြည်သူ့ဆေးရုံတွင် Hospital Quarantine ဝင် ရောက်နေသူ (၂)ဦး၊ Hotel Quarantine ဝင်ရောက်နေသူ (၁၅)ဦးနှင့် Stay at Home နေထိုင်သူ (၂) ဦး စုစုပေါင်း ညောင်ရွှေမြို့နယ်အတွင်း၌ သွားအလာကန့်သတ်ထားရှိသူ (၆၀)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများရယူ၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားခြင်း ရှိမရှိစစ်ဆေးအတည်ပြု နိုင်ရန်အတွက် ဓာတ်ခွဲခန်းသို့ပို့ဆောင် စစ်ဆေးနိုင်ရန် ဓာတ်ခွဲနမူနာရယူခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန၌ Quarantine ဝင်ရောက်နေသူများအား RDT Test Kit ဖြင့် နှာခေါင်းတို့ပတ် Swab နမူနာများ ရယူစစ်ဆေး
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စုရှိ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန Quarantine Center တွင် ပြည်တွင်း ပြည်ပပြန်များအား အနီးကပ် စောင့်ကြည့်ထားရှိရာ ယနေ့ နံနက်(၈)နာရီခွဲက စောင့်ကြည့်ထားရှိသူ(၂၂)ဦးတို့အား မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ နှာခေါင်တို့ဖတ်များ ရယူကာ RDT Test Kit ဖြင့် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုပ်ငန်းများဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှု
Dec 21,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ ကျောက်တန်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ကျောက်တန်း မြို့နယ်အတွင်းရှိ ကျေးရွာများ၌ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေ များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27920
Page
27921
Page
27922
Page
27923
Current page
27924
Page
27925
Page
27926
Page
27927
Page
27928
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department