အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2020
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ် မြေလုံခြုံရေးဌာန စိတ်မှကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး ၊အုတ်ကျောင်းတို့အား ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှ စတင်ကာ Area-C အတွင်းရှိရှေးဟောင်းအဆောက်အုံများကို သန့်ရှင်းရေး ဆောင်ရွက်လျက် ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှဦးမြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး ) ထံကသိရသည်။
Dec 21,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်−၁၉ပိုးတွေ့ အတည်ပြုလူနာ(၄)ဦးတွေ့ရှိရကြောင်း သီပေါမြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
Dec 21,2020
ကရင်ပြည်နယ် မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် ကန့်သတ်စောင့်ကြည့်ရေးစခန်းများ အသီးသီး စီစဉ်ဆောင်ရွက်ပြီး စောင့်ကြည့်လျက်ရှိရာ
Dec 21,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့အတွက် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင် ၁၀ လီတာဘူး တစ်ဘူးကို အမှတ်(၈)ရပ်ကွက်မှ မမေမြတ်နိုးအေးက ယမန်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Dec 21,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတွက် ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 21,2020
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရန်နှင့် ထိန်းချုပ် ကုသနိုင်ရန် အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသည့် ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် (၈) နာရီအချိန်၌ မြဝတီမြို့ အမှတ်(၁)ရပ်ကွက်ရှိ သဇင်လမ်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 21,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင်နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီအချိန်အထိ မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ ခရီးသွားများနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးစောင့်ရှောက်မှုစစ်ဆေးပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။