အမြို့မြို့အနယ်နယ်သတင်းများ

Dec 21,2020
ပြင်ဦးလွင်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ဆက်စပ်ထိတွေ့သူများအား ဒီဇင်ဘာ၂၀ ရက်နေ့တွင် စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာနှင့် ဆက်စပ်သူ အမျိုးသား (၅)ဦး၊ အမျိုးသမီး (၃)ဦး၊ ကလေးငယ်တစ်ဦး စုစုပေါင်း (၉)ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ အဖြေ ထွက်ရှိကြောင်းသိရသည်။
Dec 21,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင် ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် နှာခေါင်းစည်း(Mask) မတပ်ဘဲ လမ်းသွားလမ်းလာပြည်သူများကို အခုဝယ်အခုတပ်စနစ်ဖြင့် ကြပ်မတ်စစ်ဆေးမှုများကို မြို့ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ကော်မတီအဖွဲ့မှ ဆက်လက်ဆောင်ရွက်နေလျက်ရှိသည်။
Dec 21,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက် နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင်​​ကော့ဖမွတ်ကျေးရွာ အုပ်စု ​​ကော့ကစွယ်ကျေးရွာ ကွန်ကရစ်တံတားဆောက်လုပ်ခြင်းလုပ်ငန်းကို ယမန်နေ့က ဆောက်ရွက်ခဲ့ကြောင်း သိရသည်။
Dec 21,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ မဲသမူးကျေးရွာနှင့် မဲသမူးခီးကျေးရွာချင်းဆက်လမ်းပေါ်တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ပေ(၃၀)အရှည်ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Dec 21,2020
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နေ ပြည်သူများ အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းနှင့် မြတ်ဒါနပရဟိတအဖွဲ့များ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် အသိပေးနှိုးဆော်ခြင်းနှင့် Mask အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။
Dec 21,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် ​​ပိုးပ​လေကျေးရွာအုပ်စု ​​ထီးမကျူခီးကျေးရွာ အုတ်စီ​ရေကန်နှင့်​ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၉ရက်​နေ့ က စတင် ကောင်ထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Dec 21,2020
ခြောက်သွေ့ရာသီကာလသို့ ဝင်ရောက်လာပြီဖြစ်၍ သံဖြူဇရပ်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက်၊မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဉီးအောင်ကျော်ထွေး ဦးစီး သည့် မီးသတ် တပ်ဖွဲ့ဝင်များသည်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်းအနေဖြင့် ပြည်သူများ မှ လိုက်နာ ဆောင်ရွက် ရမည့်အချက်များကို၊ ဒီဇင်ဘာလပထမပတ်မှစတင်ကာ ညပိုင်း၌ မီးသတ် ယာဉ်ဖြင့် ရပ်ကွက် အသီးသီးတွင်၊ ရက်သတ္တပတ်လျှင်၃ရက် နှိုးဆော်အသိပေး ဆောင်ရွက် ကြောင်းသိရသည်။
Dec 21,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင်နှင့်၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးမိုင်းညွန့်လှိုင်တို့ ပါ၀င်သော ပူးပေါင်းအဖွဲ့သည် သိန္နီမြို့ပေါ်ရှိစားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။