အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2020
ပန်းဘဲတန်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စာရင်းထပ်မံပြုစု ဆောင်ရွက်ထားရှိမှုအား မြို့နယ်စိစစ်ရေးအဖွဲ့မှ ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရ သည်။
Nov 25,2020
အောင်မြေသာစံမြို့နယ် ပြည်ကြီးရန်လုံရပ်ကွက်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါရပ်ကွက်အတွင်းရှိ အကွက်အမှတ် (၆၈/က) နှင့် (၆၈/ခ) တို့၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
Nov 25,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မဖြစ်မနေ အပြင်သို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) များ တပ်ဆင်ရေး အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေ ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Nov 25,2020
Dan Church Aid - Norwegin Church Aid (DCA-NCA) ၏ ပံ့ပိုးမှုဖြင့် NeT (Never End Tomorrow) နှင့် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်ခြင်းကို ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်းရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့သည်။
Nov 25,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဖြူစင်မေတ္တာလူမှုကူညီရေး အသင်းသို့ အလှူရှင်များမှ ယမန်နေ့ က အလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Nov 25,2020
ကျေးလက်​ဒေသဖွံ့ဖြိုး တိုးတက်​ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူး​ပေါင်းအ​ကောင်အထည်​ဖော်​ ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း(CDD)ကို ၂၀၂၀-၂၀၂၁ ဘဏ္ဏာ​ရေးနှစ်တွင် စတင်အ​ကောင်အထည်​ဖော် ဆောင်ရွက်မည့် ရန်ကုန်တိုင်း​ဒေသကြီး၊​ ခရမ်းမြို့နယ် စီမံကိန်းမိတ်ဆက် ရှင်းလင်း မှု အလုပ်ရုံ​ဆွေး​နွေးပွဲ
Nov 25,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနလက်အောက်ရှိ မြင်းခြံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ရုံးအသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီ အချိန်က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။