အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော လယ်ပြင်ကျေးရွာအုပ်စု
Nov 25,2020
ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အပြင်ထွက်တိုင်း နှာခေါင်း စည်း(Mask) စနစ်တကျ တပ်ဆင်လာရန် ပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈နာရီအချိန်က လူစည်းကား ရာ နေရာများ၌ လိုက်လံသတိပေးနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြသည်။
Nov 25,2020
ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေး (က၊ ခ) ဈေးရုံကြီးနှစ်ရုံ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိနိုင်ရေးအတွက် ဈေးသာယာရေး အဖွဲ့မှ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ တင်ပြထားပြီး ပြန်လည် ဖွင့်လှစ်ရန် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးညွှန်ကြားချက် များနှင့်အညီ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Nov 25,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ အား နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာကြရန် အသိပညာပေး Mask Campaign ဆောင် ရွက်ခြင်းကို ယနေ့ နံနက် ၈နာရီက အမှတ် ၅ ရပ်ကွက်ရှိ ပျံကျစျေး၊ အမှတ်၈ရပ်ကွက်ရှိ စည်ပင်သာယာစျေး၊ အမှတ် ၁၃၃ရပ်ကွက် ပတ္တမြားစျေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပူပိုင်းဇုန်သို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခရိုင်(၂)ခုတွင် ရေဝေရေလဲစိုက်ခင်းများအဖြစ် ဧက(၃၀၀)ကို ဖော်ဆောင် စိုက်ပျိုးနိုင်ရေး စီစဉ်လျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး၏ ပြောကြားချက်အရ သိရသည်။
Nov 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
Nov 25,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖေါ်ဆောင်ရွက် လျက် ရှိသည့် VRFP စီမံကိန်း ကျေးရွာများအနက်
Nov 25,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် မိုးမိတ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ မဘိမ်းမြို့ မြို့မရပ်ကွက်နှင့် မအူကုန်းကျေးရွာအုပ်စုရှိ တောင်သူများအား ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် (၁၀:၃၀) အချိန်ခန့် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။