အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့နယ်အတွင်း ဖြတ်သန်းဝင်ရောက်လာသော ကုန်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရွှေကူမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၆ ဘီး ကုန်စုံတင်ယာဉ်ဖြင့် လိုက်ပါလာသူ ယာဉ်နောက်လိုက် မန္တလေးတိုင်းဒေသကြီး အောင်မြေသာဇံ မြို့နယ်၌ နေထိုင်သော အမျိုးသားတစ်ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။
Nov 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့တွင် မြို့နယ်ဌာနဆိုင်ရာများ၏ (၁၈)ကြိမ် မြောက် စုပေါင်းမဟာဘုံ ကထိန်ပွဲကို ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ ယနေ့နံနက်(၉) နာရီအချိန် က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 25,2020
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပူပြင်းခြောက်သွေ့သော ရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး သတိပေးကြေညာချက်များကို မြို့နယ်အတွင်း နံနက်၊ ည အချိန်ခွဲ၍ နှိုးဆော်လျက်ရှိသည်။
Nov 25,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိရာ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် ဆောင်ရွက်ရမည့်အချက်များ ပြည့်စုံမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
Nov 25,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ စပါးထားတံတား၏ အောက်ခံ သံဘောင်တန်းများမှာ သံချေးစားပေါက်ပြဲပြီး ကြံ့ခိုင်မှုအားနည်း‌နေသည့်အတွက် သွားလာရေး လုပ်ငန်း များ အဆင်ပြေစေရန် ရွှေသောင်ယံမြို့ လမ်းဦးစီးဌာနမှ ကြည့်ရှုစစ်ဆေးပြီး ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ရွှေဟိန်းထက်ကုမ္ပဏီမှ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Nov 25,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာလမ်းဆုံတွင် မီးပွိုင့်ယာဉ်ထိန်းရုံး အဆောက်အဦ ဆောက်လုပ်မှု ကုန်ကျစရိတ်အတွက် အလှူငွေကျပ် ၁၈သိန်းကို