အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2020
မိတ္ထီလာမြို့နယ် လွန်ငင်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မွမ်းမံရန်ပုံငွေ ကျပ် ၉.၇ သန်းဖြင့် မြေသား ရေကန်ပြန်လည်တူးဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Nov 24,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ မွေးစမှ အသက်ငါးနှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်​ဆေးထိုး၊​ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၃ ရက်​နေ့မှစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန လက်အောက်ရှိ ကျန်းမာရေးဌာန အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 24,2020
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့် အီတလီအခြေစိုက် Istituto Oikcos အဖွဲ့၏ ကူညီ ပံ့ပိုးမှုဖြင့် ကုသိုလ်ဖြစ်ဆေးကုသရေးအဖွဲ့ Medacross နှင့် ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် ရှေးဦးသူနာပြု သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်၊ ဧဒင်ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
Nov 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးဘေးအန္တရာယကင်းဝေးစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန ဒုဦးစီးမှူး ဦးသီဟအေးချို ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပလောက်မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များသို့သွားရောက်ပြီး မီးဘေးလုံခြုံ စိတ်ချရမှုရှိ/မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများစနစ်တကျ ဆောင်ရွက်ထားမှုရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 24,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ၂၀၁၉-၂၀၂၀ ခုနှစ် မျိုးစေ့ထုတ် စိုက်ခင်း တတိယအကြိမ် မျိုးကွဲပယ်ခြင်း လုပ်ငန်းများအား ဂန့်ဂေါခရိုင် ကျောက်ထုမြို့ ဒေသတွင် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ဆောင်ရွက်လျက်ရှိသည်။
Nov 24,2020
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအ​​မြစ်ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယမန်နေ့က လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ဖျာပုံခရိုင် ဘိုကလေးမြို့နယ်များသို့ သွားရောက်ပြီး ကိုဗစ်-၁၉ စစ်းဆေးရေးဂိတ်များသို့ သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့သည်။
Nov 24,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှု လွယ်ကူ အဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ပါသည်။