Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပလောက်မြို့ ပြည်ခြားကျေးရွာအုပ်စု ပြည်ခြားကျေးရွာရှိ မီးဘေးသင့်နေအိမ်တစ်လုံးအတွက် ထောက်ပံ့
Nov 24,2020
ပလောက်မြို့ ပြည်ခြားကျေးရွာအုပ်စု ပြည်ခြားကျေးရွာတွင် နိုဝင်ဘာလ(၂၀)ရက်နေ့က မီးလောင်မှုဖြစ်ပွားသော အိမ်ထောင်စုတစ်စုကို ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြိို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းကျေးရွာနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းကျေးရွာများရွေးချယ်
Nov 24,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ် ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေး သောက်သုံးရေ အရည်အသွေးများ စစ်ဆေးပေး
Nov 24,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် သောက်သုံးရေ အရည်အသွေးများကို စက်တင်ဘာလကုန်ပိုင်း မှစ၍ စစ်ဆေးပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Nov 24,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပရေးဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ပိုးတွေ့ရှိသူ(၃)ဦး အထိရှိလာ
Nov 24,2020
ကချင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ Test Kit ဖြင့် နေ့စဉ်စစ်ဆေးခြင်းကို ပင်လုံကျေးရွာအုပ်စု၊ မော်ဟဲကျေးရွာအနီးတွင် ဖွင့်လှစ်ထားသည့် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကုန်တင်ယာဉ်မောင်း (၁)ဦးထံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် အဆိုပါဂိတ်မှပိုးတွေ့ရှိသူ (၃)ဦးအထိ ရှိလာကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမလိမိတက်မှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အသင်းသား (၁၂၂၁)ဦးအား ထောက်ပံ့ငွေပေးအပ်
Nov 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမလီမိတက်မှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း အသင်းသား(၁၂၂၁)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်(၁ဝဝ)ဆေးရုံကြီးတွင် ကိုဗစ်-၁၉ရောဂါ ကုသရေးအသုံးပြုရန် Oxygen Concentrator လှူဒါန်းခြင်းနှင့် volunteerများအတွက် ငွေကြေးနှင့် အသုံ…
Nov 24,2020
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၂၃၆)ဦးရှိပြီး ကုတင် ၁ဝဝ ဆေးရုံကြီးနှင့် တိုင်းရင်းဆေးရုံတွင် ကုသဆဲလူနာ(၇၂)ဦး ကျန်းမာရေးကောင်းမွန်လျက် ဆေးရုံဆင်းသူ (၁၆၄)ဦးရှိပြီဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ကျုံပကိုကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်း လုပ်ငန်းဆောင်ရွက်
Nov 24,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ကျုံပကိုကျေးရွာအုပ်စု ကျုံပကိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28158
Page
28159
Page
28160
Page
28161
Current page
28162
Page
28163
Page
28164
Page
28165
Page
28166
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department