အမြို့မြို့အနယ်နယ်သတင်းများ

Nov 24,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုနှစ်မှ စတင်၍ ကျေးရွာပေါင်း(၆၇)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ခဲ့သည့် ရွာကြီးကျေးရွာအုပ်စု မယ်ဇလီကုန်းကျေးရွာ အနေဖြင့် မြစိမ်းရောင်ရန်ပုံငွေအတိုးရငွေ ကျပ်သိန်း(၅၀)နှင့် ကျေးရွာလူထုလုပ်အား ပူးပေါင်း၍ ကျေးရွာအတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးဖြစ်သည့်အတွက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီ အချိန်က မယ်ဇလီကုန်း ကျေးရွာတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Nov 24,2020
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု (Mask Campaign) ကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Nov 24,2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်အဖွဲ့သည် ယမန်နေ့ ည(၆)နာရီအချိန်၌ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အဝင် သကံစစ်ဆေးရေးဂိတ်တွင် ဘိုကလေးမြို့အဝင်အထွက်ဂိတ် စစ်ဆေးရေး ဂိတ်(၂)ခုအတွက် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေကျပ်(၅)သိန်းအား စစ်ဆေးရေးဂိတ် တာဝန်ရှိသူများ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့သည်။
Nov 24,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း နိုဝင်ဘာလအတွက် ပင်စင်လစာများကို ယနေ့ နံနက် (၈) နာရီခွဲအချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။ မြစ်သားမြို့နယ်အနေဖြင့်
Nov 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများသို့ ကိုဗစ်-၁၉ ကာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှု မရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၃)ရပ်ကွက်အတွင်းရှိ အေဝမ်းဈေးသို့ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ကွင်းဆင်းသွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း နိုဝင်ဘာ လ (၂၂)၊(၂၃)ရက်နေ့များတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့်သာကေတမြို့နယ် သို့ ဆက်သွယ်ထား သော လျှပ်စစ်ဓာတ်အား​လိုင်း ကြိုးပြတ်တောက်မှုနှင့် အင်းဝဓာတ်အားခွဲရုံ ပြန်လည်ပြင်ဆင် တည်ဆောက်နေမှု အခြေအနေများကြောင့် လျှပ်စစ်မီးပြတ်တောက်လျှက်ရှိရာ
Nov 24,2020
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် အဖွဲ့သည် ဒေးဒရဲမြို့နယ် တံတားအဆင်းရှိ ဒေးဒရဲတံတား စစ်ဆေးရေး ဂိတ်သို့ ယနေ့နံနက် ၁၀ နာရီက ရောက်ရှိကာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 24,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုစာရင်းများ ပိုမိုပြည့်စုံမှန်ကန်‌ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၁နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။