အမြို့မြို့အနယ်နယ်သတင်းများ

Nov 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရွေးကောက်ပွဲ ကျင်းပနေစဉ်ကာလအတွင်း မဲရုံများနှင့်မဲရုံအနီး ပတ်ဝန်းကျင်တစ်ဝိုက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီ အချိန်ကစတင်၍ မိုးမိတ်မြို့ မြောက်ပိုင်း ရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်များရှိ မဲရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 04,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် လယ်ယာထွက် ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်းများကို အရှိန်အဟုန် မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး-ဇီးဖြူကုန်း ကျေးရွာချင်းဆက်လမ်းအား ချောင်း ကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Nov 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် အသက်(၆၀)နှစ် နှင့်အထက် မဲဆန္ဒရှင်များက ကြိုတင်ဆန္ဒမဲထည့်ခြင်းကို မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
Nov 04,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း များကို တကောင်းမြို့ရပ်ကွက်/​​ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ (၂၉) ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုများနှင့် နာမကျန်းဖြစ်နေသူများ၊ အ​​ကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်မဲ များ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများ ဆောက်ရွက်ခဲ့သည်။
Nov 04,2020
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်ပညာရေးဌာန၊ ဝန်ထမ်းများ၊ ဆရာဆရာမများမှ ဒုတိယအကြိမ် အလှူငွေကျပ် (၁၁၄၄၅၀၀) အား ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Nov 04,2020
၂ဝ၂ဝပြည့်နှစ်၊ နိုဝင်ဘာ(၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများတွင် အပြင်စည်းမှ ကူညီဆောင်ရွက်ပေးမည့်သူများကို ( Volunteer ) အထောက်အကူ ပြု လည်ဆွဲကပ်များပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲ အချိန်က မလှိုင်မြို့၊ မြို့နယ်ကော်မရှင်ရုံး အစည်းဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည် ။
Nov 04,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် စည်ပင်သာယာမြို့မ ဈေး၊ မင်းတုန်းလမ်းနှင့် ဆင်ဖြူတော်ဘုရားလမ်းထောင့်တို့တွင် ယနေ့ နံနက်(၇)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။