Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတနော်မြို့နယ်၌ ဗျောက်အိုးများ၊ မီးရှူးမီးပန်း၊ ယမ်းလိပ်များ စည်းကမ်းမဲ့စွာပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန် လိုက်လံအသိပေး
Oct 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နှစ်စဉ်သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်များ၌ ဗျောက်အိုးများ၊ မီးရှူးဒိုင်းများ၊ မီးပန်း၊ ယမ်းလိပ်များ စည်းကမ်းမဲ့စွာ ပစ်ဖောက်လျက်ရှိသဖြင့် ထိုသို့မပြုလုပ်ကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်း၌ မြို့အတွင်းလိုက်လံအသိပေးကြေညာ ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာခရိုင် အင်းတော်မြို့နယ် အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထား ရှိသော မျိုးစေ့ ထုတ်ကွက်များအားField Inspection Campaing ပြုလုပ…
Oct 26,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် အတွင်းတွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော မျိုးစေ့ထုတ်စိုက်ကွက်များအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖုန်းမောင်နှင့် အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းခိုင်၊ ကသာခရိုင် မျိုးစေ့ တာဝန်ခံ ဒေါ်နော်ဂရေ့နှင့် ကသာခရိုင် စီမံကိန်းတာဝန်ခံ ဦးအေးဝင်းနှင့် သက်ဆိုင်ရာ နည်းပညာ ပေးစင်တာနယ်မြေ အတွင်းရှိ ဝန်ထမ်းများက Field Inseption Campaign ပြုလုပ်၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များထုတ်ယူ
Oct 26,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘဘာ(၈)နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အသက်(၆၀)နှစ်အထက်နှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေး ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များမှ ယနေ့ နံနက် ၈နာရီခွဲက မြန်မာ့စီးပွားရေးဘဏ်မှ သွားရောက်ထုတ်ယူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်လုံမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး စတင်ထိုးနှံခြင်းဆောင်ရွက်
Oct 26,2020
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို ကျန်းမာရေးကြီးကြပ် (၂)ဒေါ်နန်းစိန်ညွှန့်၊ သားဖွားဆရာမ ဒေါ်နန်းလူတို့မှ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင်ရွေး ကောက်ပွဲဆိုင်ရာလုပ်ငန်းများ နှင့်မဲရုံသရုပ်ပြသခြင်း ဆောင်ရွက်
Oct 26,2020
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံ အကျဆုံးနှင့် အဓိက လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရမည့် ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်မဲရုံတာဝန်ထန်းဆောင်မည့်သူများအားကြိုတင်မဲပေးခြင်းဆိုင်ရာလုပ်ငန်းများနှင့်မဲရုံ သရုပ်ပြသခြင်းကိုယမန် နေ့မွန်းလွဲ(၃)နာရီခန့်ကချောင်းဆုံ မြို့နယ်ကျွန်းသာယာခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်၌ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ မဲရုံးသုံးပစ္စည်းများ ထုတ်ပေး
Oct 26,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အောက်တိုဘာလ၂၆ရက်နေ့ နံနက်၈နာရီ အချိန်ခန့် က ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရန်အတွက် မဲရုံးသုံးပစ္စည်း များကို ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ထုတ်ပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် မဲရုံအလိုက် မဲရုံသုံးပစ္စည်းများထုတ်ပေး
Oct 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မဲရုံများအတွက် မဲရုံးသုံးပစ္စည်းများကို ယနေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Service -OSS)၌ ထုတ်ပေးခြင်းခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်အတွင်းရှိ မဲရုံပေါင်း ၁၀၆ ရုံတွင်တာဝန်ထမ်းဆောင်မည့် မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းဖွင့်လှစ်ပို့ချ
Oct 26,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး က ကြီးမှူးဖွင့်လှစ်သည့် မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာသင်တန်းပို့ချမှုကို ယနေ့နံနက် (၉) နာရီအချိန်တွင် မိုးညှင်းမြို့ရှိအခြေခံပညာ အထက်တန်းကျောင်းများဖြစ်သည့် အထက-၁နှင့် အထ က-၂တို့ရှိခန်းမများ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
28487
Page
28488
Page
28489
Page
28490
Current page
28491
Page
28492
Page
28493
Page
28494
Page
28495
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department