အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ပြည်သူများအနေဖြင့် သတင်းအချက်အလက် များ မှန်ကန်စွာ သိရှိပြီး အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင် ပြသထားသည်။
Oct 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် မြန်မာနိုင်ငံရှိ အမျိုး သမီးများ ၌ အဖြစ်များဆုံးသော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်း ကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီ အချိန်က စတင်၍ အခမဲ့ ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။
Oct 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေး(HPV) စတင် ထည့်သွင်းထိုးနှံခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 20,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်ပြင် ပရောက်သူများက ပုံစံ(၁၅)ဖြင့် ကြိုတင်မဲပေးရန်တောင်းဆိုထားသူများတွင် မိုးညှင်းအကျဉ်းထောင်မှ ကြိုတင်မဲပေးသူ (၃၀)ဦး၏ ဆန္ဒမဲများ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အောက်တိုဘာလ(၁၉) ရက်နေ့တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
Oct 20,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ကနီမြို့နယ်တွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုးအစီအစဉ်တွင် စတင် ထည့်သွင်းခြင်း အသိပေးရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၁ နာရီ က မြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 20,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိ စေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် Oxygen Cylinder ဝယ်ရန် အလှူငွေကျပ် (၆)သိန်းကို ယနေ့ နေ့လယ်(၁)နာရီအချိန်က အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 20,2020
မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ် မိခင်နှင့်က​လေးကျန်းမာ​ရေး ​စောင့်​ရှောက်​မှု ​ဆေးခန်းတွင် ယ​နေ့​နေ့လည် ၂နာရီခန့်က ပုံမှန်ကာကွယ်​ဆေးထိုး​/ဆေးတိုက် အစီအစဉ်တွင် အိတ်ချ်ပီဗီ ကာကွယ်​ဆေး (HPV)စတင်ထိုးနှံခြင်း မြို့နယ်အဆင့်ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
Oct 20,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းစီမံချက်မှ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီ က မြို့နယ်ခန်းမတွင် ကျင်းပသည်။