Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နတ်မောက်မြို့တွင် ပုံမှန်ကာကွယ် ဆေးထိုး ၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်
Oct 02,2020
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်( ၇ ) ရပ်ကွက်အတွင်းရှိ မွေးစမှ တစ်နှစ်ခွဲအထိ ကလေးများအား လစဉ်ပုံမှန် ကာကွယ် ဆေး ထိုး ခြင်း ၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ( ၉ ) နာရီခန့်ကထိုးနှံ ၊ တိုက်ကျွေးခဲ့ကြောင်းသိရသည်။ အဆိုပါ ကာကွယ်ဆေးတိုက်ကျွေးရာတွင် မွေးစမှ တစ်နှစ်ခွဲအထိကလေးများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာ) နှင့် ပိုလီယို ကို တိုက်ကျွေးပေးခဲ့ပြီး ပြင်းထန်အဆုတ်ရောင် ၊ ဆုံဆို့-ကြက်ညှာ -မေးခိုင်- အသည်းရောင် အသားဝါ (ဘီ) ၊ ဦးနှောက်အမြှေးရောင်( ငါးမျိုးစပ်ကာကွယ်ဆေး) နှင့် ဝက်သက်ရောဂါ ကာကွယ်ဆေးများ ကို ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Oct 02,2020
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ နောင်တရားမြို့ အမှတ် (၁)၊ အမှတ်(၂)၊ အမှတ် (၃) ရပ်ကွက်များ၊ မင်းဘူး၊ ပင်လောင်းကြီး၊ ပင်မွန်းကျေးရွာအုပ်စုတို့ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာဆောင်ရွက်လျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းထက်အောင်၊ အဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ဥပဒေအရာရှိ ဦးနိုင်လင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းလင်းတို့က မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအခြေအနေကို ယနေ့ နံနက်ပိုင်း၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းများ ကြေညာထားမှုအပေါ် မြို့နယ်ကော်မရှင်မှ ကွင်းဆင်းကြီးကြပ်
Oct 02,2020
ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး များတွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်မဲစာရင်းများကို ယမန်နေ့က စတင်၍ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးတွင် မဲဆန္ဒရှင်စာရင်းများအား ကပ်ထား ကြေညာ
Oct 02,2020
မန္တလေးတိုင်းဒေသကြီးတွင် မဲဆန္ဒရှင်စာရင်းများအား နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို သက်ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ကပ်ထားကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအုပ်စုနှင့် မဲသမူးကျေးရွာအုပ်စုတို့တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပေးခြင်းလုပ်ငန်းဆောင်ရွက်
Oct 02,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာ ရင်းများ ဒုတိယအကြိမ်အဖြစ် ကပ်ထားကြေညာခြင်းကို ယမန်နေ့မှစတင်၍ ကွီးလေးကျေးရွာအုပ်စုနှင့် မဲသမူးကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထားကြောင်း သိရှိ ရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်း စည်း(Mask)များ အခမဲ့ဖြန့်ဝေ
Oct 02,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင် သွားကြရန် အသိပေးလှုပ်ရှားမှုများကို ယမန်နေ့နံက်ပိုင်း က ဥသျှစ်ပင်စျေး လူစည်ကားရာ နေရာ များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်၌ အထူးရဲသင်တန်းအမှတ်စဉ်(၁/၂၀၂၀) သင်တန်း ဖွင့်ပွဲကျင်းပ
Oct 02,2020
၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၈)အခြေခံပညာ အလယ်တန်း ကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အထူးရဲသင်တန်း အမှတ်စဉ်(၁/ ၂၀၂၀) ဖွင့်ပွဲကျင်းပခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Quarantine Centre အဖြစ်ထပ်မံဖွင့်လှစ်မည့် အစာစပ်စက်ရုံသန့်ရှင်းရေးဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှစစ်ဆေး
Oct 02,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့ပွားမှုများ မဖြစ်စေရန်အတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျ က်ရှိရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် သူများအား သီးခြားနေထိုင် စောင့်ကြည့်နိုင်ရေး Quarantine Centre များဖွင့်လှစ်၍ မြို့နယ်ကိုဗစ်-၁၉ကော်မတီဝင်များ၊ ရပ်/ကျေးကော်မတီဝင်များ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက လိုအပ်သည် များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29168
Page
29169
Page
29170
Page
29171
Current page
29172
Page
29173
Page
29174
Page
29175
Page
29176
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department