အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အသက်(၈၀)နှင့်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ပေးအပ်ခဲ့သည်။
Oct 01,2020
၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် နောက်ဆုံးအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်ကော်မရှင်ရုံးများတွင် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း မှစတင်၍ ကပ်ထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Oct 01,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ်အရ မြို့နယ်အတွင်းရှိ ဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀နာရီက စတင်၍ ရွှေပေါက်ကံရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ ဘိုးဘွားများ၏ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရဿည်။
Oct 01,2020
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ဖို့တကျေးရွာမှ အဝင်အထွက်ကန့်သတ်ထားသည့် အိမ်ထောင်စု  (၇၈) စုအတွက်  အလှူရှင်များက  အခြေခံ   စားသောက်ကုန်နှင့် ကိုဗစ် - ၁၉  ရောဂါကာကွယ်ရေးသုံး ပစ္စည်းများအား ယမန်နေ့က လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
Oct 01,2020
မော်လမြိုင်ခရိုင်၊ကျိုက်မ​​ရော မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ၊နိုဝင်ဘာ ၈ရက်​နေ့တွင် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲပြုလုပ်စဉ် မဲရုံများအလိုက် လုံခြုံ​ရေးတာဝန် ထမ်း​ဆောင်ကြမည့်အထူးရဲ များအား​ရွေး​ကောက်ပွဲဆိုင်ရာ ဘာသာရပ်များကိုသင်ကြား ပို့ချ သွားမည့် "အထူးရဲသင်တန်းဖွင့်ပွဲအခမ်းအနား"ကိုယ​နေ့နံနက် ၈နာရီခန့်က အ.ထ.က ကျိုက်မ​ရော (ပညာအား မာန်)ခန်းမ၌ပြုလုပ်သည်။
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်တွင်၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာ ၈ ရက်နေ့ တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင်  လုံခြုံရေးတာဝန်ထမ်းဆောင်မည့်  အထူးရဲတပ်ဖွဲ့ဝင် များအား  သင်တန်း ပို့ချခြင်းကို   အောက်တိုဘာ ၁ ရက် နံနက် ၈နာရီက အ.ထ.က တောင်ဘက် ကမ်းကျောင်း၌ ပြုလုပ်ခဲ့သည်။
Oct 01,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌  ဆန္ဒမဲပေးမည့်သူစာရင်းကို ယခုလ အောက်တိုဘာ (၁) ရက်နေ့မှ စတင်ကာ (၁၄) ရက်နေ့အထိ ဝေါမြို့နယ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာမည်ဖြစ်ကြောင်း သိရသည်။