Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကောလင်းမြို့၌ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာလုပ်ငန်းများအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး
Aug 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၄၉၇၅၄)ဦးရှိ
Aug 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အသက်(၁၈)နှစ် အထက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၄၉၇၅၄)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံ၌ ဌာနဆိုင်ရာရုံးမြေနေရာများအတွက် ဒုတိယအကြိမ် မြေယာလျော်ကြေးငွေပေးအပ်
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သိမ်းဆည်းခံ မြေယာလျော်ကြေးငွေ ပေးအပ်ရာတွင် အမာမြို့၌ ဒုတိယအကြိမ်အနေဖြင့် မြေယာလျော်ကြေးငွေကို စည်ပင်သာယာရေး အဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနရုံး မြေနေရာတို့အား သိမ်းဆည်းခံ တောင်သူများထံသို့ မြေယာလျော်ကြေးငွေပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီက ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်း ကပ်ထားသည့်ပထမအကြိမ်မဲဆန္ဒရှင်စာရင်း၌ ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးရန် လျှောက်ထားသူ နည်းပါး
Aug 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို အများပြည်သူကြည့်ရှုနိုင်ရန်အတွက် ဇူလိုင်လ ၂၅ ရက်နေ့ မှစ၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး များတွင် ကပ်ထားကြေညာ ထားပြီးဖြစ်ရာ အဆိုပါမဲစာရင်း၌ အမည်မပါရှိ၍ အမည်ပြန်လည် ထည့်သွင်းပေးရန်နှင့် မှားယွင်းသောကြောင့် ပြင်ဆင်လွှာ တင်သွင်းသူ နည်းပါလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် မြစ်ရေတိုက်စား၍ မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၁၅)လုံး ယာယီပြောင်းရွှေ့
Aug 04,2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု အထက် ကဇင်းတောကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီက မြစ်ရေတိုက်စား မြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်(၁၅)လုံးအား အန္တရာယ်လွတ်ကင်းမည့် နေရာများသို့ ယာယီပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ
Aug 04,2020
နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ လွှဲပြောင်းပေး အပ်ခြင်းအခမ်းအနား ကို ယနေ့နံနက် ၁၀နာရီခွဲက အဆိုပါဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ရေတာရှည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် တောင်သူများ မြေသြဇာကြဲပက်ခြင်းနှင့် စပါးပင်လက်ကြားခွဲ စိုက်ပျိုးခြင်းတို့ဆောင်ရွက်
Aug 04,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးထားကြသော တောင်သူများအနေဖြင့် ရက်ပေါင်း ၂၀ ကြာ မိုးရွာသွန်းခြင်း မရှိသည့် အတွက် လယ်အများစုမှာ မြေများပတ်ကြားကွဲကာ ပေါင်းနုတ်ခြင်း၊ စပါးပင်လက်ကြားခွဲခြင်း၊ မြေသြဇာကြဲပက်ခြင်းတို့ ဆောင်ရွက်နိုင် ခြင်းမရှိဖြစ် ကာ အခက်အခဲများဖြင့် ကြုံတွေ့နေခဲ့ကြသည်။ သြဂုတ်လ ၂ ရက်နေ့ ညပိုင်းမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် စမိုးချောင်း ရေလျှံကာ တာဘောင်ကျိုးပေါက်၍ မိုးစပါးခင်း ဧက ၆၀ ကျော် ရေလွှမ်းမှုဖြစ်ပွားခဲ့သော်လည်း လယ်အများစုမှာ ရေမရှိသော စပါးခင်းများအတွင်း ရေများဝင်ရောက် လာပြီဖြစ်သောကြောင့် တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းများကို တက်ကြွပျော်ရွှင်စွာ လုပ်ကိုင် နေကြကြောင်း တွေ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်ကာလအတွင်း ဖွင့်လှစ်လျက်ရှိသည့် အခြေခံပညာကျောင်းများအား သတ်မှတ် စည်းကမ်း ချက်များနှင့် အညီ ဖွင့်လှစ်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 04,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ကိုဗစ်ကာလအတွင်း ဖွင့်လှစ် လျက်ရှိသည့် အခြေခံ ပညာကျောင်းများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားမှု ရှိ/မရှိကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီခွဲမှ စတင်၍ အမှတ်(၁၂)၊ အခြေခံပညာ အထက်တန်းကျောင်းတွင် စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30223
Page
30224
Page
30225
Page
30226
Current page
30227
Page
30228
Page
30229
Page
30230
Page
30231
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department