Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြို့သစ်မြို့နယ်အတွင်း၌ နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Jun 09,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း စိုက်ပျိုးထားသော နွေနှမ်းဧက (၄၀၉၂) ဧကသည် စိုက်ပျိုးပြီး (၄၅) ရက်သား ရောက်ရှိနေပြီးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် Drum Seeder (မျိုးစေ့ချကိရိယာ) ဖြင့် စပါးစိုက်ပျိုးမှုကွင်းသရုပ်ပြပွဲဆောင်ရွက်
Jun 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ လုပ်အားခနှင့် မျိုးစေ့ကုန်ကျစရိတ် သက်သာစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ခေတ်မီလယ်ယာသုံးကိရိယာများ အသုံးပြုနိုင်ရေး လှုံ့ဆော်မှုတစ်ရပ်အနေဖြင့် ပေပင်မြောက်ကျေးရွာအုပ်စု၊ ဘုရားနှစ်ဆူကျေးရွာရှိ လယ်မြေတွင် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် (EMဘိုကာရှီ) သဘာဝမြေသြဇာ ပြုလုပ်
Jun 09,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက (EMဘိုကာရှီ) သဘာဝမြေသြဇာပြုလုပ်နည်းကို ယမန်နေ့က အင်းကုန်းကျေးရွာတောင်သူဦးသိန်းဟန်နေအိမ်တွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ မိုးကြို ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Jun 09,2026
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ၂၀၂၆ ခုနှစ်၊ မိုးကြိုဖူဆယ်ဘောလုံးပြိုင်ပွဲကို မေလ ၂၄ ရက်မှ ဇွန်လ ၈ ရက်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်းအတွင်းရှိ ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးစာနံရံကပ်ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲ ကျင်းပ
Jun 09,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့ နေ့လည်(၂)နာရီက မြို့သစ်မြို့နယ် မြေပြင်သာကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့၌ ဘူးသွပ်ဆီများ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေး
Jun 09,2026
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ဘူးသွပ်ဆီများကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က City Mart များတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်
Jun 09,2026
နည်းပညာတက္ကသိုလ်(မကွေး) ၂ဝ၂၆ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး) ဖူဆယ်အားကစားကွင်းရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့်ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစား မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးတည်ဆော…
Jun 09,2026
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံး တည်ဆောက်ရေးလုပ်ငန်း အိတ်ဖွင့်တင်ဒါအဆိုပြုလွှာ စိစစ်ရွေးချယ်ခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တင်ဒါတင်သွင်းသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
77
Page
78
Page
79
Page
80
Current page
81
Page
82
Page
83
Page
84
Page
85
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department