ကရင်ပြည်နယ်

ကရင်ပြည်နယ်၌ မိုးစပါး ၄၂၈၆၉၈ ဧကစိုက်ပျိုးရန်လျာထား၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်

ယခုနှစ်မိုးရာသီတွင် ကရင်ပြည်နယ်အတွင်း မိုးစပါး ၄၂၈၆၉၈ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိပြီး အထွက်နှုန်းတိုးတက်ရေးနှင့် မိုးစပါးလျာထားဧကပြည့်မီ ကျော်လွန်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်နှီးနွယ်ဌာနဆိုင်ရာများက မြေပြင်ကွင်းဆင်းစည်းရုံးဆောင်ရွက်လျက်ရှိရာ မေ ၉ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၊ ဝါးဆူးကွင်း၌ မိုးစပါးစိုက်ပျိုးရန် မြေဆီလွှာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ကွင်းသရုပ်ပြသသည်။

မြဝတီမြို့ သန့်ရှင်းသာယာလှပစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်၊ မြဝတီမြို့ သန့်ရှင်းသာယာလှပစေရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက် (၇:၀၀) အချိန်မှ စတင်၍ တာဝန်ရှိသူများ မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အမည်ခံ အဖွဲ့ဝင်တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံအဖွဲ့မှအဖွဲ့ဝင်အမျိုးသားတစ်ဦး လက်နက် ခဲယမ်းနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြောင်းသိရသည်။

မြဝတီမြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဘုရင့်နောင်စျေးရှိ စျေးသူ/စျေးသားများတွေ့ဆုံ

ကရင်ပြည်နယ် မြဝတီမြို့သန့်ရှင်းသာယာလှပစေရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖတို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ မြေပြင်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မေ ၉ ရက် နံနက် ၁၁ နာရီက အမှတ်(၄)ရပ်ကွက်ရှိ ဘုရင့်နောင်စျေးပြန်လည်ပြုပြင်မွမ်းမံပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဘုရင့်နောင်စျေးသူ/စျေးသားများတွေ့ဆုံပွဲကို ကျင်းပသည်။

ကမမောင်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်ဖာပွန်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် (၁၀၀)စီမံချက်ဖြင့် ယနေ့နံနက်ပိုင်းက ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ညီညာအေးချမ်းရပ်ကွက်နှင့် အုန်းတော ကျေးရွာအတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၈ ရက် နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ တည်ဆောက်ရေးလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်ဖြင့် ကျွဲ၊နွားများအား တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေးများ ထိုးနှံပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရက် ၁၀၀ စီမံချက်ဖြင့် ယမန်‌နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ အမှတ်(၇) ရပ်ကွက်အတွင်းရှိ နွားမွေးမြူရေးခြံများ၌ တိရစ္ဆာန်ကူးစက် ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ အမှတ် (၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နွေရာသီကာလ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ စျေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နွေရာသီကာလ ကွမ်းကြမ်းခူးယူ ရောင်းချရာ၌ ဒေသထွက် တောင်ပေါ်ကွမ်းကြမ်းများ စျေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

နွေရာသီအားလပ်ချိန် ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ချိန် စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာမ ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားသော “ သောကကင်းစင် ပျော်ရွှင်ချမ်းသာ ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို မေ ၆ ရက် မွန်းလွဲ ၂ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်သည်။
Subscribe to ကရင်ပြည်နယ်