ချင်းပြည်နယ်

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေးစီမံချက် (Mask Campaign) အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်

ဟားခါးမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေ တပ်ဆင်ရေး စီမံချက် (Mask Campaign) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ယနေ့ နံနက် ၉ နာရီအချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့ပေါ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးနှင့် သယ်ယူပို့ဆောင်ရောက်ရှိမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ဟားခါးမြို့ပေါ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွှဲရောက်ရှိမှု မရှိစေရေးနှင့် သယ်ယူပို့ဆောင်ရောက်ရှိမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ စျေးဆိုင်များတွင် စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား (၁) ဦးတွင် ကိုဗစ် - ၁၉ ​ရောဂါပိုး ထပ်မံတွေ့ရှိရာ ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူသူ (၁၃) ဦးအထိရှိလာ

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့်

ခိုင်ကမ်းမြို့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်

တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အများပြည်သူဗဟုသုတရရှိနိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို Online မှတစ်ဆင့် နေ့စဉ် Facebook Page မှ ထုတ်လွှင့်ပြသလျက်ရှိပါသည်။

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့ပေးအပ်

ဟားခါးမြို့နယ် လောက်လုံကျေးရွာတွင် ဒီဇင်ဘာ ၁၃ ရက် ညနေ ၅ နာရီအချိန်က လျှပ်စစ်ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ တစ်ဆင့် အပူလွန်ကဲပြီး အိမ်ရှင် ဦးထောင်ဟီး၏ (၂၀×၁၄) ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်နစ်နာသည့် အိမ်ထောင်စုအား ယမန်နေ့က ချင်းပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးရာလ်ခမ်းနှင့် တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်၍ လုပ်ငန်းစဉ် (၃) ရပ်နှင့်အညီ ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆွေးနွေးပွဲကျင်းပ

ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ပြင်ပလူမှု အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

ကန်ပက်လက်မြို့နယ်တွင် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် လုပ်ငန်းအမျိုးအစား (၁၁) မျိုးအား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု၊ ပြည်နယ်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း အမျိုးအစား (၁၁) မျိုးကို မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ တင်ဒါအောင် ကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

ဟားခါးမြို့တွင် ပူးပေါင်းစစ်ဆေးရေး ဂိတ်မဖြတ်ဘဲ ပိတ်ဆို့ထားသည့် နေရာများတွင် ဖျက်ဆီး ခိုးဝင်သူများအား အရေးယူဆောင်ရွက်

ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ခရီးသည် များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ

ထန်တလန်မြို့၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန Food and Drug Administration (FDA) ဝန်ထမ်းများနှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ကော်မတီဝင်များ ပူးပေါင်း၍ မြို့ပေါ်ရှိ စားသောက် ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သည့် အစားအသောက်များ၊ ဆေးဝါးများ၊ သက်တမ်း ကုန်ဆုံးသော အစားအသောက်များ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to ချင်းပြည်နယ်