တိုက်ကြီးမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်၊ ဥက္ကံမြို့ရှိ ရပ်ကွက် ၄ ရပ်ကွက်နှင့် ဘုရားကုန်းကျေးရွာရှိ မဲရုံများသို့ ကွင်းဆင်းစစ်ဆေးသည်။