ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့၌ အသက် (၁၈) နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်​ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်း ကျောင်းများရှိ အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်(၃)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်‌ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နေ့လယ် (၁) နာရီအချိန်၌ ဘိုကလေးပညာရေးဒီဂရီကောလိပ် ပထမနှစ်‌ကျောင်းသား/သူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့်ကော်မတီဝင်များ၊ ဘိုကလေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ၊ မောင်မယ်သစ်လွင် သင်တန်းသား/သူများ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုးနှင့်စပ်လျဥ်း၍ စစ်တမ်းများကောက်ယူ

ဧရာဝတီတိုင်းဒသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀) မျိုးနှင့်စပ်လျဥ်း၍ တောင်သူများအား ပန်းတိုင်ရည်မှန်းချက်/ အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းကစတင်ကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Women Club အဖွဲ့ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အင်္ဂပူမြို့နယ်တွင် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ဘုရားငုတ္တိုကျေးရွာအုပ်စု၊ သပြေကွင်းကျေးရွာ၌ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆွေးနွေးပြောကြားပြီး ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်တွင် မဲစာရင်းပါရှိသည့် မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများအား မဲပုံးများအတွင်း ထည့်သွင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် (၂၀၂၅)ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း မဲစာရင်းပါရှိသည့် မြို့နယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏  ကြိုတင်ဆန္ဒမဲများအား မဲပုံးများ အတွင်းထည့်သွင်းဆောင်ရွက်နေမှုကိုယနေ့ နံနက်(၁၀)နာရီက မြို့နယ်ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးတွင်ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်၌ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့( ၁၂/၂၀၂၅ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီအဖွဲ့ (၁၂/၂၀၂၅ ) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ (ပဉ္စမအကြိမ်)ကျောင်းတွင်းအာဟာရ (School Meal) ကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (School Meal) အစီအစဥ်ကို (ပဉ္စမအကြိမ်)မြောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြန်အောင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့နံနက်က စာပေ ချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး