ဧရာဝတီတိုင်းဒေသကြီး

ဇလွန်မြို့မစျေးသစ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့မစျေးသစ်အတွင်း ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီး ပူပြင်းခြောက်သွေ့လာပြီဖြစ်၍ မီးလောင်မှုများ၊ မီးလန့်မှုများမဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာရမည့်အချက်များ သိရှိလိုက်နာစေရေးအတွက် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို ယမန်နေ့နံနက် (၉) နာရီတွင် လိုက်လံစစ်ဆေးခဲ့ကြသည်။

ပုသိမ်မြို့ ရွှေပြည်သာဈေးနှင့် မြို့မဈေးတို့အား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ပေါ်ရှိ ရွှေပြည်သာဈေးနှင့် မြို့မဈေးတို့တွင် ယမန်နေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဝါးခယ်မမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်ဇေယျခန်းမ၌ ဧပြီလ ၂၇ ရက် နံနက် ၉ နာရီက လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေး ဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား မီးဘေးလုံခြုံရေးအတွက် ဧပြီ (၂၆) ရက်နေ့ ညနေပိုင်း၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများက ဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဈေးသူ/သားများအား မီးဘေးလုံခြုံရေး အသိပညာပေး လမ်းညွှန်မှုများ မှာကြားခဲ့ကြသည်။

ဒေးဒရဲမြို့နယ် လေးကုန်းကျေးရွာ၌ ဥပဒေရေးရာ အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ မှုခင်းဖြစ်ပွားမှု​ လျော့နည်းကျဆင်းစေရေး၊ ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေများကို သိရှိနိုင်စေရေးရည်ရွယ်၍ ကျေးရွာအခြေပြု ဥပဒေရေးရာအသိပညာပေး ဟောပြောခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ထောင်မှူးချောင်ကျေးရွာအုပ်စု၊ လေးကုန်းကျေးရွာ  ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်အတွင်းရှိ စျေးများ၌ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်မီးသတ်စီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၆ ရက်ညနေ ၅ နာရီက အမှတ် (၅) ရပ်ကွက်နှင့် အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ရွေးနဒီရေပေါ်ဈေးတို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ စျေးရပ်ကွက်၊ မြို့မစျေးတွင် ယမန်နေ့ နံနက် ၁၁ နာရီက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့သည်။

ကျုံပျော်မြို့နယ်မဂ္ဂဇင်း ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအပါအဝင် ဒေသတွင်း စာပေဝါသနာရှင်များ၏ သုတ၊ ရသစာပေများ ပြည့်စုံစွာဖော်ပြနိုင်ရန်ရည်ရွယ် ထုတ်ဝေမည့် ကျုံပျော်မြို့နယ်မဂ္ဂဇင်း ဖြစ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က ပြုလုပ်သည်။

မြန်အောင်မြို့နယ်၌ ပြည်သူ့အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကို ဧပြီ ၂၅ ရက်နေ့က ကျွဲတဲကုန်း‌ကျေးရွာ အုပ်စုနှင့် ကွင်းကြီးဒေါင့်‌ကျေးရွာအုပ်စုတို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်၌ ပြည်သူ့အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုတ်တောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန်ထုတ်ပေးနိုင်ရေး ရှင်းလင်းဆွေးနွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ညနေ ၄ နာရီက လပွတ္တလုတ်တောင်ကျေးရွာအုပ်စု၊ အခြေခံပညာအထက်ကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး