ဧရာဝတီတိုင်းဒေသကြီး

လပွတ္တာမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အရ လုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်အရ ဆောင်ရွက်မည့် စီးပွားဖြစ် မွေးမြူ‌ရေးခြံစာရင်းများ ကောက်ယူခြင်း၊ အစာဆိုင်ဆေးဆိုင်စာရင်းများအားကောက်ယူ၍ ယာယီမှတ်ပုံတင်ခြင်း၊ မေထုံမဲ့သားစပ်လုပ်ငန်းများ‌ဆောင်ရွက်ခြင်း၊ ပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ မွေးမြူရေးခြံများအား နမူနာပြပိုးသတ်ဆေးဖျန်းဆောင်ရွက်ခြင်းနှင့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်း ၆ ရပ်မှ ကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီချိန်က ခရိုင်မီးသတ်ဦးစီးဌာန နွားမွေးမြူရေးခြံတွင် ဆောင်ရွက်ခဲ့သည်။

လပွတ္တာမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအတွက် စက်သုံးဆီဖြန့်ဝေမှုများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် ဆန်စက်လုပ်ငန်းရှင်များအတွက် စက်သုံးဆီဖြန့်ဝေမှုများအား တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

လပွတ္တာမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် unique ID နံပတ်များကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးကကြီးမှူး၍ အသက်(၁၀)နှစ်ပြည့်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် unique  ID နံပတ်ထုတ်ပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က လပွတ္တာမြို့အမှတ် (၆) ရပ်ကွက်၊ အောင်တော်မူဘုရား ဘုရားတန်‌ဆောင်းနှင့် အမှတ်(၈)ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဓနုဖြူမြို့ မြို့မစျေးမီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အဖွဲ့သည် ဓနုဖြူမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့မစျေးမီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာအား ဧပြီလ ၂၆ ရက်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စု ဖက်တန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ဘာဝနာရွာ၊ ရှမ်းစုကျေးရွာများသို့ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ကျေးရွာအရောက် ကွင်းဆင်းရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မြို့မတဲကြီးကုန်းကျေးရွာအုပ်စုဖက်တန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ဘာဝနာရွာ၊ ရှမ်းစုကျေးရွာများရှိ အိမ်ခြေ ၂၅၀ ခန့်ကို ဧပြီလ ၂၄ ရက်နေ့နံနက်က စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ကျေးရွာအရောက် ကွင်းဆင်းရောင်းချပေးခဲ့သည်။

လေးမျက်နှာမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ဧပြီလ ၂၄ ရက်နေ့နံနက် (၉) နာရီအချိန်က အိုင်သပြုအုပ်စု၊ အိုင်သပြုကျေးရွာ ရှမ်းဘုရားဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ မျိုးစေ့‌ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ တံခွန်တိုင်အုပ်စု၊ တံခွန်တိုင်ကျေးရွာ၊ တောင်သူ ဦးမင်းကိုကို၊ ကွင်းအမှတ် ၃၇၉ ဦးပိုင်အမှတ် (၂၃/၂)၊ စိုက်ဧက (၂.၀၀) ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စု‌ပေါင်းကြဲပက်ပွဲ အခမ်းအနားကို ဧပြီလ ၂၄ ရက်နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက် လုံခြုံရေးစစ်ဆေးခြင်းတို့ကိုပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် မြို့အဝင်/အထွက်လုံခြုံရေးစစ်ဆေးခြင်းတို့ကို ဧပြီလ ၂၄ ရက်နေ့နံနက် (၀၉း၀၀) နာရီအချိန်က လူစည်ကားရာ ဟိုင်းကြီးကျွန်းမြို့အဝင်တံတားထိပ်တွင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံ ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတာဝန်ရှိသူများမှ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့မရဲစခန်း၌ မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုကို ဧပြီလ ၂၄ ရက်နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဖျာပုံမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ဇင်းဘောင်ကျေးရွာအုပ်စု၊ ငုတောကျေးရွာ ကွင်းအမှတ်(၅၄၁)၊ ဦးပိုင်အမှတ်(၉/၅)တောင်သူ ဒေါ်မော်မော်ဝင်း၏ လယ်မြေ (၂၀)ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ စုပေါင်းကြဲပက်ခြင်းနှင့် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းဖြင့် မြေဆီလွာအတွင်း အာဟာရဓာတ် ပြည့်ဝကာ မိုးစပါး ပန်းတိုင် အထွက်နှုန်းရရှိပြီး မိုးစပါးအထွက်နှုန်း တိုးထွက်ရန်ရည်ရွယ်၍ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)စုပေါင်းကြဲပက်ပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပဆောင်ရွက်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး