မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ဖွင့်လှစ်
လူငယ်များ အနုပညာကိုချစ်မြတ်နိုးစေရန်၊ ပန်းချီအခြေခံပညာ တတ်မြောက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ အခြေခံပန်းချီပညာသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၁၀)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။