ပြည်မြို့နယ်၌ လေဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးများထောက်ပံ့ပေးအပ်
ပြည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲ ထိခိုက်ပျက်စီးခဲ့သော ရွာဘဲရပ်ကွက်မှ နေအိမ်(၃)လုံးနှင့် အရှေ့ပေါက်တောကျေးရွာမှ နေအိမ်(၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေအပါအဝင် ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများကို ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများအဖွဲ့က စက်တက်ဘာ ယမန်နေ့မွန်းလွဲ ၁နာရီခွဲအချိန်က အဆိုပါ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။