အမြို့မြို့အနယ်နယ်သတင်းများ

တောင်သာမြို့ အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်သာမြို့ အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

‎‎ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများထံ ရွေးကောက်ပွဲလှုံ့ဆော်ရေး "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။  

‎မဟာအောင်မြေမြို့နယ်၌ အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း၊ အသက် ၁၂ နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံပေး

‎မဟာအောင်မြေမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း အသက် ၁၂ နှစ် မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှမှစတင်ကာ မဟာအောင်မြေမြို့နယ်အတွင်း စုရပ်များဖွဲ့၍ ထိုးနှံပေးလျက်ရှိသည်။

ဒဂုံမြို့နယ်တွင် ဆီးချို၊ သွေးတိုးလူနာများ၊ တီဘီရောဂါရှိသူနှင့် အတူနေမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးကာ လိုအပ်သည့် ဆေးဝါးများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆီးချို၊ သွေးတိုးလူနာများ၊ တီဘီရောဂါရှိသူနှင့် အတူနေမိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးကာ လိုအပ်သည့်ဆေးဝါးများ ပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

မိုင်းယောင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ကျောင်းတွင်းဒီဇင်ဘာလအားကစားပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများကို အမှတ် (၄) ရပ်ကွက် အ.လ.ကခွဲကျောင်းတွင် ယနေ့နံနက် (၉)နာရီမှစတင်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ မြေပြင်ကွင်းဆင်း စစ်ဆေး

ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ရှိ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမျာက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးခြင်းအဖြစ် စာရေးဆရာနန္ဒ ရေးသားသည့် “ငါ့ဓား၊ငါ့သွေး၊ ငါ့ဧရာဝတီ” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ်၌ မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ