လက်ပံတန်း မြို့မဈေးတွင် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များ ဖြန့်ဝေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ယနေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက် ၉ နာရီက လက်ပံတန်း မြို့မဈေးတွင် ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။