ဝေးလံခေါင်ဖျားဒေသသတင်းများ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး မင်းလှ မြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ တော်ကမံကျေး ရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး မင်းလှ မြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်သည် ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရှားတောကွင်းအုပ်စု၊ တော်ကမံကျေး ရွာဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ သည်။

ထားဝယ်မြို့၌ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

AIA Myanmar ၏ အာမခံအမျိုးအစားများအကြောင်း ရှင်းလင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ Golden Guest Hotel ၌ကျင်းပသည်။

မြင်းခြံမြို့နယ် သမဝါယမအသင်းစုနှင့် ကနေဒါသမဝါယမအဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သော My FINANCE Project ၏ ငွေစုငွေချေးလုပ်ငန်း ရုံးခန်းသစ်ဖွင့်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် သမဝါယမအသင်းစုနှင့် ကနေဒါသမဝါယမ အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်သော My FINANCE Project ၏ ငွေစုငွေချေးလုပ်ငန်း ရုံးခန်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈:၃၀ နာရီက မြို့နယ်သမဝါယမအသင်းစု ရုံးဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စာရေးဆရာ ‌မောင်ပေါ်ထွန်း၏ “အဆင့်မြင့်အောင်မြင်သူတို့၏အလေ့အထများဆောင်းပါး” စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မောင်ပေါ်ထွန်း၏ အဆင့်မြင့်အောင်မြင်သူတို့၏ အလေ့အထများဆောင်းပါး စာအုပ်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက ၎င်းရုံးရှိ လူထုအခြေပြုဗဟိုဌာန၊Community Center ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပသည်။

လယ်ဝေးမြို့နယ် ညောင်ကုန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ပထမအကြိမ်ထုတ်ချေးမည့် အခမ်းအနားကျင်းပ

ကျေးလက်နေပြည်သူများ တပိုင်တနိုင်လုပ်ငန်းများ အကျိုးရှိစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပထမအကြိမ်ထုတ်ချေးမည့် အခမ်းအနားကို ယမန် နေ့ မွန်းလွဲ(၁)နာရီက လယ်ဝေးမြို့နယ် ညောင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရမည်းသင်းမြို့၌ ပထမအကြိမ် (၄)မြို့နယ်ဖိတ်ခေါ် စက်ဘီးစီးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ရမည်းသင်းမြို့နယ် မြို့မိ မြို့ဖ များနှင့် ရမည်းသင်းမြို့နယ် စက်ဘီးစီးအသင်းတို့ ပူးပေါင်း၍ ပထမအကြိမ် (၄) မြို့နယ် ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ရမည်းသင်းမြို့ ဗိုလ်ချုပ်ကြေးရုပ် အနီးမှ စတင်တာလွှတ်ခဲ့ကြောင်းသိရသည်။

ကျုံပျော်တွင် စွမ်းအားမြှင့်မီးဖို ၁၈၀၀၀လုံး ဖြန့်ဝေပေးသွားမည်

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲရေး ဗဟိုဌာနတို့ ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေး သည့် ကျေးရွာများသို့ စွမ်းအားမြင့်မီးဖို ၁၈၀၀၀လုံး အား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကြံခင်း မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်

ကျေးလက်နေပြည်သူများဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်ချက်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးကို ရည်ရွယ်ပြီး ကြံခင်းမြို့နယ် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ယမန်နေ့က ကြံခင်းမြို့ ကြာအင်း ကျေးရွာ ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်သည်။

ဝက်လက်မြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)မှ ကျေးရွာအရောက် ရွေ့လျား ဝန်ဆောင်မှု ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံး(oss)မှ ရွေ့လျားဝန်ဆောင်မှု ဆောင်ရွက်ခြင်းကို ပေါက်တောကျေးရွာအုပ်စု ပေါက်တောကျေးရွာ အရှေ့ကျောင်းဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီကဆောင်ရွက်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ