ထန်တလန်မြို့၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး(၁/ ၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့်ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ နာယက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမှုထန်က အဖွင့်အမှာစကားပြောကြားသည်။