နယ်ရုံးများ၏သတင်းများ

Mar 09,2022
ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံ့ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်း သဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့ တာဝန်ယူဆောင်ရွက်ရသော ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Mar 09,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre တွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Talk Show ကျင်းပခဲ့သည်။
Mar 09,2022
လူငယ်များ စာဖတ်ရှိန်မြင့်မား‌ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။
Mar 09,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၌ မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦး​​ဆောင်ညွှန်ကြားမှုဖြင့် ချောက်မြို့နယ် အတွင်းရှိ ပြည်သူများအား ကာကွယ်​ဆေးထိုးနှံ​ရေး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်သိမ့်ဝါဦး​ဆောင်ကြီးကြပ်သည့်၊ မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုဦးစီးမှူး​ဒေါ်နွဲ့ယဉ်ဝင်းနှင့် အဖွဲ့သည်တွင်းလပ်တိုက်နယ်အုပ်စု၊ တွင်းလပ်​ကျေးရွာ​ကျေးလက် ကျန်းမာ​ရေးဌာနတွင် ယနေ့နံနက်က အသက်၁၈နှစ်အထက် ကာကွယ်​တစ်ကြိမ်မှမထိုးရ​သေးသူများ​ ကာကွယ်​ဆေးထိုးနှံနိုင်​ရေး ကွင်းဆင်း​ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 09,2022
ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ဒေါနမြေ လက်ကမ်းစာစောင်များအား ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက (အ.ထ.က)ကျိုက်ဒုံကျောင်းတွင် အခမဲ့ ဖြန့်ဝေခဲ့သည်။
Mar 09,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centreခန်းမ တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်များ နံရံကပ်စာစောင်များကို ယနေ့နံနက်ပိုင်းအချိန်ခန့်မှ စတင်၍ ပြသ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
Mar 09,2022
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင် များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
Mar 09,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကူးစက်မှုမရှိစေရေး အတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ် ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။