နယ်ရုံးများ၏သတင်းများ

Mar 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို မတ် ၉ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင်ဆောင်ရွက်မည့် ဖောင်းတောကြီး ချောင်းရေအားလျှပ် စစ်စီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သူများနှင့် ကျေးရွာအဆင့် (ဒုတိယအကြိမ်) တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဖောင်းတော မီးစက်ကျေးရွာ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့မ ဈေးကြီး၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 09,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဖြူးမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများအား ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ သက်ဆိုင်ရာဌာနဆိုင်ရာများအား မြို့မဈေးအသိပညာပေး လှုပ်ရှားမှုအဖွဲ့ဖွဲ့ကာ ဆောင်ရွက်နေလျက် ရှိရာ မတ်လ (၉) ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)သည် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် ဝင်ရောက်လာသူများမှ တဆင့် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီ က ဆီဆိုင်မြို့အဝင်ဂိတ်၌ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိသည်။
Mar 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ တောင်သူများအနေဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်းခါးရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်မေမြို့ပန်းများစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းပြီး နှုတ်ယူရောင်းချ ရသော ကြောင့် မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Mar 09,2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး(တောင်ဈေး)တွင် ပူပြင်းခြောက်သွေ့လာပြီး နွေရာသီကို ရောက်ရှိလာပြီဖြစ်၍ အပူချိန်မြင့်တက်လာခြင်းကြောင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်တားဆီးရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါဈေး၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။