နယ်ရုံးများ၏သတင်းများ

Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ဌာနဆိုင်ရာများစုပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ခဲ့သည်။
Mar 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်၌ ၂၀၂၂ ခုနှစ်မတ်လနှင့် ဧပြီလအတွင်းပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနများမှ ကျောင်းသား/ ကျောင်းသူ (၂၃၁) ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။
Mar 08,2022
ပဲခူးတိုင်းဒေကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အနေဖြင့် ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ကျေးရွာအုပ်စု ၁၅ အုပ်စုမှ ကျေးရွာပေါင်း ၃၁ ရွာတွင်စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ-၂ မျိုး ဆီထွက်သီးနှံ နေကြာသီးသန့် စိုက်ဧက ၁၀ ဧက နှင့် မတ်ပဲစိုက်ခင်းများအကြား သီးညှပ်နေကြာ စိုက်ဧက ၁၇၈ ဒသမ ၅ ဧက စိုက်ပျိုးနိုင်ခဲ့ရာ တစ်ဧကလျှင် တင်း(၂၀) ခန့် အထွက်နှုန်းရရှိသဖြင့်
Mar 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပထမအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Mar 08,2022
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာ နချုပ်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်တို့သည် ယနေ့ နံနက် ၈နာရီ ၄၅အချိန်က တနင်္သာရီ မြို့-ချောင်းငယ်ရပ်ကွက်-ချောင်းငယ်ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်းသမိုင်း ဝင်နန်းဦး စေတီအားဆီမီး၊ ရေချမ်းများ၊ အမွှေး နံ့သာများ ဆက်ကပ်ပူဇော်ပြီး ပရဝုဏ်အတွင်းနှင့် ရှေးဟောင်းသမိုင်းဝင်ရာဇမင်္ဂလာကန်တော်အား လှည့်လည်ကြည့်ရှုကြရာ မြို့နယ်စာရေး ဆရာအသင်း ဥက္ကဋ္ဌသမိုင်းကြောင်းနှင့်ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအားအစဉ်ဆက်ဆက် ထိန်းသိမ်းလာမှုများကို ရှင်းလင်းတင်ပြပေးသည်။
Mar 08,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ Community Centre ခန်းမ၌ တိုင်းရင်းဆေးဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 08,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လတာ ဘဏ္ဍာရေးနှစ် ကာလအတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ထပ်တိုး အကောင်အထည်ဖော် ဆောင်ရွက်သည့် မိုင်းနန်းကျေးရွာအုပ်စု၊ ဝမ်နားကျေးရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ အဆိုပါကျေးရွာသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 08,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ထပ်ဆောင်းကာကွယ်ဆေးအပါအဝင်ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆေးထိုးအဖွဲ့များက ဆေးထိုးစုရပ် များ၌ ယနေ့ နံနက်က ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။