နယ်ရုံးများ၏သတင်းများ

Feb 17,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန် (Omicron)ရောဂါပိုးသည် ကူးစက်နှုန်း လျင်မြန်သော ရောဂါပိုးတစ်မျိုးဖြစ်သဖြင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို စနစ်တကျ လိုက်နာကြရန် အသိပညာပေး တိုက်တွန်းနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ်အတွင်းရှိ‌ ပိန္နဲတောကျေးရွာသို့ သွားရောက်ပြီး Hand Speaker ဖြင့် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့သည်။
Feb 17,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့မစျေးအတွင်း၌ စျေးရောင်းစျေးဝယ်နေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွန်(Omicron) ရောဂါပိုးများကို သတိပြုကာကြိုတင်ကာကွယ်နိုင်စေရေးအတွက် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာနှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
Feb 17,2022
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေး နိုးဆော်ခြင်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များ တွင် Hand Speaker ဖြစ် အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
Feb 17,2022
ကရင်ပြည်နယ်၊  ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ဒေသနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန်(omicron)ရောဂါပိုးများကို သတိပြု ကြိုတင်ကာကွယ်နိုင်စေရေး အတွက် အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတို့တွင် အသံချဲ့စက်ဖြင့်လှည့်လည် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာကြည့်တိုက်သို့ မအားလပ်သဖြင့် မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှု ဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများ ရရှိစေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီက ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ကရင်ပြည်နယ် စက်မှုလယ် ယာဦးစီးဌာနနှင့် အစိုးရနည်းပညာ အထက် တန်းကျောင်း(ဘားအံ)တို့ ပူးပေါင်း၍ လယ်ယာသုံး စက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းမှု အခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိကြောင်း သိရှိရ သည်။