Feb 18,2022
ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ် ပြန်လည်ကူးစက်မှုနှုန်း မြင့်တက်လာခြင်းကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ လူအသွားအလာများသည့် နေရာများဖြစ်သည့် တာမွေဗလီလမ်းဆုံ၊ တာမွေ(ယာယီ)စျေးရှေ့၊ ကျောက်မြောင်းလမ်းဆုံ၊ ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်း လမ်းဆုံနေရာ၊ မအူကုန်းလမ်းမကြီးတစ်လျှောက်၊ ဗညားဒလ လမ်းမကြီးတစ်လျှောက်၊ ကျားကွက်သစ်လမ်းမကြီးနှင့် သမိန်ဗရမ်းလမ်းမကြီး တစ်လျှောက် အစရှိသည့် နေရာများတွင် အသံချံ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။