နယ်ရုံးများ၏သတင်းများ

Feb 19,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကိုဗစ်-၁၉ အိုမီခရွန်(Omicron) ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask များနှင့် လက်ကမ်း စာစောင်များကို မူဆယ်မြို့လယ်နာရီစင်၊ မူဆယ်မြို့လယ်မီးပွိုင့်နှင့် မြို့အထွက်ဂိတ်တို့တွင် ယနေ့နံနက် ၈နာရီအချိန်က တစ်ပြိုင်တည်း ဖြန့်ဝေခဲ့ကြောင်း သိရ သည်။
Feb 19,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ထားဝယ်တက္ကသိုလ်ဝင်းအတွင်း၊ တက္ကသိုလ်ဓမ္မာရုံ ဆောက်လုပ်ရန်အတွက် ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ကထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ(၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 18,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊စုကလိမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက် များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ရပ်ကွက်များအတွင်း (Hand Speaker) ဖြင့် ကရင်/မြန်မာ နှစ်ဘာသာဖြင့်လိုက်လံနှိုးဆော်ခဲ့သည်။
Feb 18,2022
ရခိုင်ပြည်နယ် သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) မှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရေးရည်ရွယ်ပြီး ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များအားအခမဲ့ ငှားရမ်းပေးလျက်ရှိရာ စာပေဝါသနာရှင်များ နှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိပြီး ပြတိုက်ငယ် တွင်ပြသထားသည့် ရခိုင်ပြည်နယ်မှ ထူးချွန်ထင်ရှား ပုဂ္ဂိုလ်များ၊ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်များ၊ ဘုရားစေတီပုထိုးများ၊ ရခိုင့်ယဉ်ကျေးမှုဗျာလ်ရုပ်ထုနှင့် သာယာလှပသောရှုခင်းများအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိသည်။
Feb 18,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Feb 18,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင်းနံရံ ကပ်ပြဘုတ်တွင် ကိုဗစ်မျိုးကွဲ အသစ် အိုမီခရွန်အကြောင်း သိထားသင့်သော အချက်များအား နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ (၂) နာရီအချိန်ကစတင်၍ ပြသဆောင်ရွက်ခဲ့သည်။
Feb 18,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးကို မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း ဆောင်ရွက်ရာ ယခုအခါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွမ်) ရောဂါပိုး ကူးစက် ပြန့်ပွားမှုမရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပူးပေါင်းကာ အသိပညာပေးခြင်းလုပ်ငန်းအား ယနေ့ နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။