နယ်ရုံးများ၏သတင်းများ

Oct 01,2020
အင်္ဂပူမြို့၊မြို့တော်ခန်းမ၌ အထူးရဲ (Special Police)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ နံနက် ၈ နာရီက ပြုလုပ်ရာ မြိုနယ်အုပ်ချုပ်‌ရေးမှူး ဦးရဲရင့်လှိုင်၊ မြို့နယ်ရဲ့တပ်ဖွဲ့မှူး ရဲမှူးရဲဝင်း၊ အင်္ဂပူမြို့မရဲစခန်းမှူးဒုရဲမှူး‌ ကျော်စိုးဦးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားမျာတက်‌ ရောက်ခဲ့‌ကြောင်းသိရသည်။
Oct 01,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၊ အောင်ဆန်းခန်းမတွင် ယနေ့ နံနက်(၈)နာရီမှ စတင်၍ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်ကြမည့် အထူးရဲတပ်ဖွဲ့ ဝင်များအား ဘိုကလေးမြို့နယ်ရဲတပ်ဖွဲ့မှ အထူးရဲသင်တန်း စတင် ဖွင့်လှစ်ပို့ချသည်။
Sep 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (TALK SHOW)ကို ယမန်နေ့နံနက် (၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 29,2020
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်ရုံးက မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်း ကော်မတီက ပေးပို့သည့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး အလင်းတန်း လက်ကမ်း စာစောင်ကို ယနေ့ နံနက် ၉ နာရီအချိန်က ရေစကြိုမြို့မစျေးအမှတ် ၁ တွင် ဖြန့်ဝေသည်။
Sep 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် Stay at home ကာလအတွင်း နေအိမ်ပြင်ပသို့ မလိုလားအပ်ဘဲသွားလာခြင်း မရှိစေရေး အမာမြို့၊ ရပ်ကွက်များအတွင်းရှိ လမ်းဆုံလမ်းဂွတို့တွင် စောင့်ကြည့်စစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို ယ‌နေ နံနက် ၇ နာရီအချိန်တွင် အမာမြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 29,2020
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျှက်ရှိသော ဈေးကြီးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီရောင်းချခြင်း ရှိ၊ မရှိ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များမှ လိုက်လံစစ်ဆေးခြင်းလုပ် ငန်းကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာခြင်းမရှိသူများအား အသိပညာ ပေးခြင်းနှင့် ဒဏ်ပေးစနစ် ဆောင်ရွက်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၇)နာရီက မြို့မဈေးရှေ့ နှင့် မိုင်းတုံ လမ်းဆုံတို့တွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ MASK တပ်ဆင် သွားလာခြင်း မရှိသူ (၁၀)ဦးအားဒဏ်ပေးစနစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။