နယ်ရုံးများ၏သတင်းများ

Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများ စာရင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ အမာမြို့ရှိ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးလျက်ရှိသည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ကာလ သမဝါယမမိသားစုများသို့ အခြေခံ စားသောက်ကုန်များ ထောက်ပံပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Oct 02,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ၂၀၂၀ပြည့်နှစ် ၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင် ခွင့်ရှိသူ ဒုတိယ အကြိမ် မဲဆန္ဒရှင်များစာရင်းကြေညာခြင်းကို ရပ်ကွက်/ကျေးရွာရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ထုတ်ပြန် ကြော်ငြာထားကြောင်းသိရသည်။
Oct 02,2020
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြစ်ကြီးနားမြို့နယ်တွင် မဲဆန္ဒရှင် စာရင်းများ ဒုတိယအကြိမ်အဖြစ်ကပ်ထားကြေညာခြင်းကို ယမန်နေ့မှစ၍ (၁၄)ရက်နေ့အထိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးထား ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Oct 02,2020
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တွင် CERP အစီအမံအရ (Cash For Work) စီမံကိန်းကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းအားလုံး ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေကို ယမန်နေ့ နံနက် ၉ နာရီတွင် စီမံကိန်းကျေးရွာများ၌ ကွင်းဆင်း စစ်ဆေးခဲ့သည်။
Oct 02,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ ‌‌ကာကွယ်ရေးအတွက် နေ့စဥ်ရောင်းချလျက်ရှိသည့် အခွန်လွတ်စျေး၊ ၃ လမ်းစျေး၊ ပြုံးချိုလေးစျေးများတွင် ရောင်းချသည့်စျေးသည်များအတွက် မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က Stay At Home စျေးရောင်းချခွင့်ကဒ်အား ယမန်‌နေ့နံနက်ပိုင်းတွင် စဆင်ထုတ်ပေးလျက်ရှိသည်။
Oct 02,2020
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးဆောင်ရွက်မည့် အထူးရဲ သင်တန်းကို ယမန်‌နေ့ နံနက် ၈ နာရီက ဗန်းမော်မြို့ မြို့မရဲစခန်းရှိ ရဲသီဟခန်းမ၌ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
Oct 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် အထူးရဲ(၁၄၀)ဦး ခန့်အပ်၍ လုံခြုံရေးတာဝန်အပြည့်ထမ်းဆောင်နိုင်စေရန် အောက်တို ဘာ(၁)ရက်နေ့ မှ (၂၈)ရက်နေ့အထိ သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်