နယ်ရုံးများ၏သတင်းများ

Sep 09,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work (CFW) စီမံကိန်းဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းခွန်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုသည်။
Sep 09,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီ က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) လွိုင်လင်မြို့မှ မြို့နယ်အတွင်းရှိ အော်တိုကြိုးဖုန်းများအား FWA (Fix Wireless Access) စနစ်ဖြင့် အဆင့်မြှင့်တင်ပြောင်းလဲ တပ်ဆင်ပေးခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျှက်ရှိရာ MSAN (Multi Service Access Node)/ FWA ( Fix Wireless Access)နှင့် FTTH (Fiber to the Home) စသည့်စနစ်များဖြင့် သုံးစွဲသူပြည်သူများအား ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုအရည်အသွေးများရရှိစေရန်အတွက် အဆင့်မြှင့်တင်ပြောင်းလဲခြင်းနှင့် တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Sep 09,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ပင်းတယမြို့ ရွှေဓနုကိုယ့်အားကိုယ်ကိုး ဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးပစ္စည်းများကို ယနေ့နံနက် ၁၁ နာရီအချိန် က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 09,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ် (အဆင့်-၄) အဖြစ် ဆောင်ရွက်နေသည့် မီးသွေးချောင်းကျေးရွာမှ အင်းတိန်အထိ (၁၉.၄)ကီလိုမီတာ ကတ္တရာလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ သိရသည်။
Sep 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများအား ယနေ့နံနက် (၁၁) နာရီ အချိန်ခန့် က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 09,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က ရုံးဝန်ထမ်းများအား ရုံးဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်မှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးအတွက် Facility Quarantine Centre အဖြစ် ပြင်ဆင် ဆောင်ရွက်ခြင်းကို နယ်စည်းမခြားပရဟိတအဖွဲ့ (သီပေါ)၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဆရာတော် ဦးပညာသီရိ ဦးဆောင်သော သံဃာတော်များ၊ ရှင်သာမဏေများနှင့် ရေကြည်တော်ဝတ် အသင်းသားများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်း က သီပေါမြို့ မဟာမြတ်မုနိဘုရားကြီးဝင်း အတွင်းရှိ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။