နယ်ရုံးများ၏သတင်းများ

Sep 11,2020
ရန်ကုန်‌တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်သည့် အနေဖြင့် ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့ပေါ်ရပ်ကွက်(၁၃)ခုတို့တွင် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကွင်းဆင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 11,2020
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထအကြိမ် ကြေညာထားသည့် မဲစာရင်းတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကာ ပိုမိုပြည့်စုံမှန်ကန်မှုရှိစေရန် စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ပထမအကြိမ် မဲစာရင်းနှင့် ပြင်ဆင်ထားသည်များ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေသိန်းတစ်ထောင်မှ ခွင့်ပြုရန်ပုံငွေ သိန်း၅၀ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေ သိန်း၅၀ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းသို့ မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့်အဖွဲ့သည် စက်တင်ဘာလ(၉)ရက်နေ့ မွန်းလွဲပိုင်းတွင် ဆောင်ရွက်နေမှု အခြေအနေနှင့် ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
Sep 11,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့မရဲစခန်းအတွင်း ပြစ်မှုပြစ်ဒဏ်မကျမီ အချုပ်သားများအား အသိပညာဗဟုသုတ ပြည့်ဝစေရန်အတွက် စာအုပ်စာစောင်ငှါးရမ်းခြင်းကို ယမန်နေ့နံနက် နံနက်၁၀ နာရီက သွားရောက် ငှါးရမ်းပေးခဲ့သည်။
Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့နံနက်ပိုင်း၌ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်သည်။
Sep 11,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရာ အမှတ်(၁၀)ရပ်ကွက်ရှိ Catholic Church မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ အထက(၂)သို့ ယမန်နေ့ ညနေပိုင်း က လာရောက်လှူဒါန်းခဲ့သည်။
Sep 11,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်မှု လွယ်ကူစေရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ (ပြည်နယ်ဖြည့်စွက်) ရန်ပုံငွေကျပ် ၃၈ ဒသမ ၉၅၀ သန်းဖြင့် မယ်အောကျေးရွာအဝင် မူလသစ်သား တံတားအဟောင်းအား ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert (၁)စင်း တည်ဆောက်ခြင်းကို စိုက်ဖေ့ကုမ္ပဏီအနေဖြင့် လုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
Sep 11,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစီး (Mask) များ တပ်ဆင်သွားလာရေး အသိပညာပေးနှင့် နှာခေါင်းစီး (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁နာရီ က ကျိုင်းတောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်းနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျိုင်းတောင်းမြို့ ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာများ၊ ကားဂိတ်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။