နယ်ရုံးများ၏သတင်းများ

Jan 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့မွန်းလွဲ (၁) နာရီအချိန်က Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
Jan 23,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ အင်းစိန်မြို့နယ်၊ စာပေဥယျာဉ် (Book Club) အသင်းနှင့် အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင်ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
Jan 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် အဒွန်းကျေးရွာအုပ်စု၊ ဘိုးကံပေးကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်ရည်ရွယ်၍ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ကြာင်း သိရသည်။
Jan 23,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် အ.ထ.က (ဓမ္မသော်) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပသည်။
Jan 23,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပွဲကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် ကျင်းပခဲ့သည်။
Jan 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ စာပေဗဟုသုတများစွာ ရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။
Jan 23,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.မ.က(၄၀)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Jan 23,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ကြွယ်ဝစေရန်ရည်ရွယ်၍ နယ်လှည့်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။