နယ်ရုံးများ၏သတင်းများ

Jan 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးသားခြင်း အတတ်ပညာအလုပ်ရုံသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာရေးသားခြင်း အတတ်ပညာ အလုပ်ရုံသင်တန်း (၁/၂၀၂၄) ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
Jan 06,2024
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ အသုံးပြုနိုင်ရန် ယနေ့နံနက် ၉ နာရီခွဲက မြို့ပေါ်ရပ်ကွက်များ အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 06,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာမကြီး (၁) ဦးနှင့် ဆရာကြီး (၁) ဦးအား ပီတိပညာရေး ပရဟိတမှ ငွေကျပ် (၁၅) သိန်းစီ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
Jan 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် (ရေပြာ)အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
Jan 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီ အချိန်က အ.ထ.က (ပုံပါကျင်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီနှင့်ဂီတထူးချွန်သော ကလေးငယ်များအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Jan 05,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့တွင် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီပူးပေါင်း၍ ဒီဇင်ဘာလ (၃၀) ရက်နေ့မှ ဇန်နဝါရီလ ၃ ရက်နေ့ထိ အသင်း (၁၀) သင်းဖြင့် ကျင်းပခဲ့ရာ ဆုရရှိသူများအား ဆုချီးမြှင်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။